Chapter - 53

1.4K 330 3
                                    

Unicode

၁၅၀၇။ နေ့ခင်းကြောင်တောင်သရဲတွေ့
__________________________

စောစောကသာသိခဲ့ရင်၊ ဒေါ်လာသောင်းချီကတောင် 'စောစောကသာသိခဲ့ရင်'ဆိုတာကိုဝယ်လို့ရမှာမဟုတ်ပေ။ အခုတော့ ရှဲ့ယိယွမ်မှာ စုန့်ရှီးဟန်ကိုသွားရှုပ်မိခြင်းအတွက် အကြီးအကျယ်နောင်တရနေသည်။ သူ့မိသားစုကုမ္ပဏီက လုပ်ငန်းအရှုံးပေါ်နေပြီး ဝန်ထမ်းတွေကတော့ သူတို့အသက်တွေဆုံးရှုံးနေသည်။

သို့သော်ငြား ရှဲ့ယိယွမ်သည်လည်း ခါးသီးမှုတွေနဲ့ပြည့်နေ၏။ စုန့်ရှီးဟန်က တစ္ဆေဘုရင်လိုက်တာခံနေရမယ်လို့ ဘယ်သူထင်မိမှာတုန်း? ယောက်ျားလေးတစ်ယောက်က သူကြိုက်တဲ့မိန်းကလေးကိုတွေ့ရင် အဲ့မိန်းကလေးကို ပိုးပန်းမှာသေချာပေါက်ပဲလေ။

အဆုံးတွင်တော့ ရှဲ့ယိယွမ်ရဲ့အနေအထားကလည်း မဆိုးလှပါချေ။ သူ့မိသားစုမှာပိုက်ဆံရှိသည်။ သူက ဖုန့်ယင်းနဲ့ယှဉ်လို့မရပေမယ့်လည်း သာမန်လူတွေရဲ့မျက်စိထဲမှာတော့ သူကထူးချွန်သည်သာ။

ရှဲ့ယိယွမ်ရဲ့မျက်နှာက ဖြူ‌ဖျော့နေပြီး စိတ်တိုနေပုံရသည်။ သူက နဉ်ရှုကိုကြည့်ကာ ခက်ထန်တဲ့အသံနဲ့ဆိုလာသည်။

"တကယ်ပဲ သူ့ကိုသတ်ဖို့နည်းလမ်းမရှိဘူးလား? ငါတို့ သူ့ဝိဉာဉ်ကိုဖျက်ဆီးပစ်ရင်ရော?"

ရှဲ့ယိယွမ်မှာ ဒေါသတွေကို သူ့ရင်ထဲသိမ်းထားတာဖြစ်သည်။ တစ်ဖက်က သူ့ကို လည်ပင်းညှစ်သတ်ချင်နေတာ၊ သူ ဒါကို ငြိမ်ခံနေစရာအကြာင်းလုံးဝမရှိဘူး။

အခုက အစပဲရှိသေးတယ်။

နဉ်ရှုက နှုတ်ခမ်းတို့ကိုဖိကပ်လိုက်သည်။

"အားလုံးမှာ အားနည်းချက်ရှိတာပဲ၊ သူတို့က သရဲဖြစ်လာရင်တောင်မှပေါ့။ ဒါပေမယ့် ငါတို့မှာ ဒီကိစ္စကို တစ်ဆင့်ချင်းလုပ်ဖို့ကလွဲပြီးရွေးစရာမရှိဘူး။"

"မဖြစ်ဘူး။ သူ ကုမ္ပဏီကဝန်ထမ်းတွေကို တစ်ခုခုလုပ်မှာငါစိုးရိမ်တယ်။"

ရှဲ့ယိယွမ်ကပြောသည်။

ဒါလည်းဖြစ်နိုင်တာပဲ။

အကြီးအကဲမရဲ့သေဆုံးမှုက ရှဲ့မိသားစုကို ပြဿနာဖြစ်စေတယ်လေ။ ကုမ္ပဏီကတခြားဝန်ထမ်းတွေမှာပါတစ်ခုခုဖြစ်ရင် ရှဲ့မိသားစု ဒါကို ခံနိုင်မှာမဟုတ်ဘူး။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now