Chapter - 4

2.1K 378 12
                                    

Unicode

၁၄၅၈။ ရှင် အချစ်ကိုတကယ်နားမလည်ပါဘူး
____________________

ဝိဉာဉ်ပုလဲရယ်၊ အဆောင်လက်ဖွဲ့တွေရယ်နဲ့ဆို နဉ်ရှု နည်းနည်းပိုလုံခြုံသလိုခံစားရသည်။

သို့သော်ငြား ဒီတစ္ဆေဘုရင်က ဘယ်လောက်တောင်များ ပက်ပက်စက်စက်ချောလို့လဲဆိုတာကို သူမ မနေနိုင်စွာသိချင်နေမိရသည်။ သူက ဒီလောက်များတဲ့တာဝန်ထမ်းဆောင်သူတွေကို တကယ်ဆွဲဆောင်နိုင်ပြီး သူတို့ကို ဒီအတော်လေးဝမ်းနည်းဖို့ကောင်းတဲ့ဘဝခြားချစ်ခြင်းမျိုး စချင်လာအောင်လုပ်နိုင်တယ်။

ပြင်ဆင်လို့ပြီးတဲ့နောက်မှာ နဉ်ရှုကပြောလိုက်သည်။

"တာဝန်စမယ်။"

"အိုကေ။"

2333က နဉ်ရှုကိုပြောလာသည်။

"ဘာပဲဖြစ်ဖြစ် တစ္ဆေဘုရင်ကိုမချစ်လိုက်နဲ့။ မင်း တစ္ဆေဘုရင်ကိုချစ်မိသွားရင် ချက်ချင်းတာဝန်ကျရှုံးမှာ။ ထောင်ချင်းက ဒါကိုအမုန်းဆုံးပဲ။"

နဉ်ရှု : စောက်ကောင်မလေး...

ဖာဟိုင်၊ ရှင်က အချစ်ကိုတကယ်နားမလည်ဘူးပဲ။

နဉ်ရှု မူးဝေသွားပြီးနောက် သူမဝိဉာဉ်က ခန္ဓာကိုယ်တစ်ခုထဲဝင်ရောက်သွားတာကိုခံစားလိုက်ရသည်။ သူမက သူမဝိဉာဉ်က ခန္ဓာကိုယ်နဲ့လုံးဝပေါင်းစပ်သွားသည်အထိ စောင့်နေလိုက်သည်။

သူမ မျက်လုံးဖွင့်ကာ ဘေးဘီကိုကြည့်လိုက်ချိန်မှာတော့ သူမက အုတ်ကုတင်ထက်မှာလဲလျောင်းနေတာကိုတွေ့လိုက်ရ၏။ အခန်းက ရှေးဆန်တဲ့ဟန်ရှိပြီး အတော်လေးရိုးရှင်းသည်။

သူမက ကုတင်ပေါ်ကနေထထိုင်လိုက်ကာ ဒီကမ္ဘာရဲ့ဝိဉာဉ်စွမ်းအားသိပ်သည်းမှုကို စစ်ဆေးကြည့်ချင်တာကြောင့် တင်ပျဉ်ခွေထိုင်လိုက်သည်။ သို့သော်ငြား သူမ နည်းနည်းစိတ်ပျက်သွားရ၏။ ဒီမှာလည်း ပုံမှန်‌ခေတ်သစ်ကမ္ဘာတွေလို ဝိဉာဉ်စွမ်းအားနည်းနည်းသာရှိသည်။

ကံကောင်းချင်တော့ ပြိုင်ဘက်ကင်းသိုင်းပညာ၏အကူအညီဖြင့် သူမ ဆံချည်တစ်မျှင်စာမျှရှိသည့် စွမ်းအင်စုလေး ဖြစ်လာအောင်လုပ်နိုင်ဆဲဖြစ်သည်။ စွမ်းအင်စုက အတော်လေးသနားဖို့ကောင်းသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now