Chapter - 12

1.6K 345 6
                                    

Unicode

၁၄၆၆။ ခေါင်းလုံးတပ်ဖွဲ့
___________________

နဉ်ရှုကပြောသည်။

"လူသွေးစုပ်တဲ့ကျိုင်းပင်။"

ထောင်ရှန်းကခေါင်းငြိမ့်လိုက်ပြီးနောက် နဉ်ရှုကိုပြောလာ၏။

"ဆရာတူအစ်မ၊ နောက်တစ်ခါကျ ကျွန်တော် အစ်မရယ်၊ ဆရာရယ်နဲ့လိုက်ချင်တယ်။"

"ဒီအကြောင်းကို နင် ဆရာ့ကိုပြောသင့်တယ်။ နင် နည်းနည်းကြာအောင်တော့စောင့်ရဦးမယ်လို့ ငါထင်တယ်။ သိပ်မကြာခင် ငါက လေ့ကျင့်ဖို့အပြင်ထွက်မှာဆိုတော့ အဲ့အချိန်ကျ နင်က ဆရာ့ကို အလုပ်မှာကူရလိမ့်မယ်။"

ထောင်ရှန်းကလည်း မကောင်းဆိုးရွားဝိဉာဉ်တွေကိုနှင်ပြီး တစ္ဆေဖမ်းချင်တယ်ဆိုတာ နဉ်ရှုသိသည်။

ထောင်ရှန်းက စာအုပ်တစ်အုပ်ကောက်ကိုင်လိုက်ပြီး မြန်မြန်ဆန်ဆန်လှန်လိုက်သည်။ သူ စာမဖတ်မနေတာသိသာသည်။

နှစ်ရက်တောင်မကြာသေးခင်မှာပဲ ခြံထဲမှာ ကျိုင်းပင်တစ္ဆေရှိနေတဲ့အမျိုးသားထပ်ရောက်လာသည်။ သူက အဖိုးအိုနဲ့တွေ့ကာ သူ ခြံရဲ့ရေတွင်းအောက်ခြေကနေ တစ်ခုခုတူးမိတယ်လို့ပြောသည်။ ဒါက ဆွေးမြည့်နေပြီဖြစ်တဲ့အခေါင်းတစ်ခုဖြစ်ပေ၏။

အဖိုးအိုက ချက်ချင်းအားအင်တွေပြည့်သွားသည်။ သူက သူ့ရဲ့သူတော်စင်ဝတ်ရုံကိုဝတ်ကာ မက်မွန်သားဓားနဲ့သံလိုက်အိမ်‌မြှောင်ကိုယူလိုက်ပြီးနောက် နဉ်ရှုကို အလုပ်အတွက်ပြင်ဆင်ဖို့လှမ်းခေါ်သည်။

ထောင်ရှန်းက အဖိုးအိုကိုပြောသည်။

"ဆရာ၊ ကျွန်တော်တို့ကိုလည်းခေါ်သွားပါ။ ကျွန်တော်တို့လည်းကြည့်ချင်တယ်။"

နဉ်ရှုကလည်း သူ့ကိုထောက်ခံပေးသည်။

"သူတို့ကိုခေါ်သွားရအောင်။ ကျွန်မ သူတို့ကိုဂရုစိုက်လိုက်ပါ့မယ်။ ပြီးတော့ ထောင်ရှန်းက ကလေးမဟုတ်တော့ဘူး။ သူ ကူညီနိုင်တယ်။"

အဖိုးအိုက ခေါင်းလုံးတပ်ဖွဲ့ကိုဝေ့ဝဲကြည့်လိုက်ပြီး နဉ်ရှုကိုပြောသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now