Chapter - 59

1.3K 306 11
                                    

Unicode

၁၅၁၃။ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေ
_______________________

‌တစ္ဆေဘုရင်က တခြားလူတွေကိုဆွဲထည့်မှာကို ရှဲ့ယိယွမ်စိုးရိမ်နေသည်။ မနက်ဖြန်ထိပ်တိုက်ရင်ဆိုင်ကြရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေက နည်းနည်းကြောက်ဖို့ကောင်းသည်လေ။

"တစ္ဆေဘုရင်က ကုမ္ပဏီဝန်ထမ်းတွေကိုမျက်စိကျသွားမယ်လို့ မင်းထင်လား?"

ရှဲ့ယိယွမ်ကမေးသည်။

နဉ်ရှုကခေါင်းငြိမ့်သည်။

"ဒါအပြည့်အဝဖြစ်နိုင်တယ်။"

သူက သူ့မိန်းကလေးရဲ့သင်္ချိုင်းမှာအဖော်ပြုပေးဖို့ လူတစ်စုလုံးကိုသတ်ပစ်တဲ့ကိစ္စမျိုးလုပ်နိုင်မှတော့ ဝန်ထမ်းလက်တစ်ဆုပ်စာလေးကိုသတ်တာက ဘာမှမဟုတ်ဘူး။

ဖုန့်ယင်းက ဝဋ်လည်မှာကို ဘာလို့မကြောက်ရတာတုန်း?

"မင်းတို့ သူနဲ့ခဏလောက်ထိပ်တိုက်မတွေ့ဘဲနေရမယ်ထင်တယ်။ ငါ ကုမ္ပဏီကဝန်ထမ်းတွေအတွက်ကိစ္စ‌လေးတွေစီစဉ်ပေးချင်တယ်။"

ရှဲ့ယိယွမ်က အတော်လေးစိတ်ဓာတ်ကျနေဟန်ဖြင့်ဆို၏။

သိပ်မကြာခင်တုန်းက အကြီးအကဲမဆီဖြစ်သွားတဲ့ကိစ္စကြောင့် ရှဲ့မိသားစုမှာ ကိစ္စတွေပိုဆိုးမလာစေရန်အတွက် အကြီးအကဲမရဲ့မိသားစုကို လျော်ကြေးငွေပေးခဲ့ရသည်။

ရလဒ်အနေနဲ့ ရှဲ့သားအဖမှာ ပါးစပ်ထဲခါးသက်နေကြပြီး ခါးသည်းလွန်း‌လို့ စကားလုံးနဲ့တောင်ဖော်ပြလို့မရနိုင်အောင်ပင်။

"အခုက ရင်ဆိုင်ဖို့အကောင်းဆုံးအချိန်ပဲ။ တစ္ဆေဘုရင်က စွမ်းအားအနည်းဆုံးဖြစ်နေပြီ၊ တုန့်ဆိုင်းနေတာက ငါတို့အတွက် အခွင့်အရးကိုပဲလွဲချော်သွားစေမှာ။"

"ငါတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေပဲ၊ တစ္ဆေဘုရင်က ငါတို့ကို သတ်ကိုသတ်ရမယ့်လူစာရင်းထဲထည့်ထားပြီ။ ဘယ်သူမှ သူ့လက်ကနေမလွတ်နိုင်ဘူး။"

နဉ်ရှုကပြောသည်။

နဉ်ရှုက မန္တန်စာရွက်တွေနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေလားဆိုတာထပ်စစ်ဆေးဖို့ သူမရဲ့အဝတ်အိတ်ကို နောက်ဆုံးတစ်ကြိမ်စစ်ကြည့်လိုက်သည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now