Chapter - 58

1.5K 307 11
                                    

Unicode

၁၅၁၂။ အထက်စီးဆန်တဲ့စီအီးအိုနဲ့နူးညံ့တဲ့သူ့ဇနီးလေးလို
________________________

"ဒါဆို မင်းဘာလိုချင်တာလဲ? ငါ့ကို တစ္ဆေဘုရင်အမြုတေပြ။"

ဂိုဏ်းတူဦးလေးကဲကဆိုသည်။

"ငါ မင်းကိုမပြဘူး။ မင်း ဘာလုပ်ချင်လဲ?"

အဖိုးအိုကပြန်ပက်သည်။

နဉ်ရှု : →_→

နဉ်ရှုမှာ ရန်ဖြစ်နေတဲ့အတွဲကိုကြည့်ရင်း သူတို့က အထက်စီးဆန်တဲ့စီအီးအိုနဲ့နူးညံ့တဲ့သူ့ဇနီးလေးလိုပဲလို့ သူမ တွေးလိုက်မိသည်။ သူမက ချွေးတွေကိုသုတ်လိုက်ပြီး ဂိုဏ်းတူဦးလေးကဲကို ဒီကိစ္စအကြောင်းရှင်းပြသည်။

ကိစ္စတစ်ခုလုံးကိုသဘောပေါက်သွားတဲ့အခါ ဂိုဏ်းတူဦးလေးကဲက အဖိုးအိုကိုလှမ်းကြည့်သည်။

"လတ်စသတ်တော့ တစ္ဆေဘုရင်အမြုတေက မင်းဆီမှာတောင်မရှိဘူးကိုး။"

ဂိုဏ်းတူဦးလေးကဲက သူ့ချက်လက်မှတ်ကိုပြန်သိမ်းသည်။ သူက အဖိုးအိုကို ချက်လက်မှတ်ရေးမပေးတော့တာသိသာသည်။

အဖိုးအိုက ချက်လက်မှတ်ကိုစောင်းငဲ့ကာကြည့်လိုက်ပြီးဆို၏။

"မင်းတို့တောင်မောင်တောင်မှာ ငွေတွေအလျှံအပယ်ရှိတယ်မဟုတ်ဘူးလား? မင်းက အဲ့လောက်တောင်အံ့ဩဖို့ကောင်းနေရင် ငါ့ကို တစ်စောင်ရေးပေး။"

ဂိုဏ်းတူဦးလေးကဲကပြုံးကာဆိုသည်။

"ဆွေမျိုးတွေကိုစွန့်ကြဲပေးကမ်းတာက ကောင်းသားပဲ။"

"ဘယ်သူက မင်းပေးကမ်းတာကိုလိုချင်လို့တုန်း? မင်း ဒူးထောက်တောင်းပန်ရင်တောင် ငါမယူဘူး။"

အဖိုးအိုက မျက်နှာကြီးနီကာဆိုသည်။

ဂိုဏ်းတူဦးလေးကဲက ချက်လက်မှတ်ကိုသိမ်းလိုက်သည်။

"ဂိုဏ်းတူအစ်ကိုက မရင့်ကျက်သေးဘူးဆိုတာ ငါ အခုသိလိုက်ရပြီ။"

အဖိုးအိုမှာ ဒေါသထွက်လွန်း၍ရင်ဘတ်ကြီးနိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ သူတို့ငယ်စဉ်တုန်းက အဖိုးအိုက သူ့ထက်အများကြီးပိုသာခဲ့သည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now