Chapter - 33

1.5K 343 6
                                    

Unicode

၁၄၈၇။ ဖုန့်ယင်းဘယ်သွားတာတုန်း?
_____________________

တော်သေးတာက ပြိုင်ဘက်ကင်းသိုင်းပညာမှာ သူမကို ခေတ်သစ်ကမ္ဘာတွေမှာစွမ်းအားကျင့်ကြံခွင့်ပေးတဲ့အကျိုးကျေးဇူးရှိသည်။ အရင်ကသာဆို သူမ ဒီလိုလုပ်နိုင်မှာမဟုတ်ပေ။

နေ့ခင်းတုန်းက ဖုန့်ယင်းနဲ့တွေ့မိတော့ သူက တကယ်စွမ်းအားကြီးတယ်ဆိုတာ နဉ်ရှုနားလည်လိုက်၏။ သူက သူ့ခန္ဓာကိုယ်ကမကောင်းတဲ့စွမ်းအင်တွေနဲ့ယင်စွမ်းအင်တွေကို အလွယ်တကူထုတ်လွှတ်နိုင်ပြီး ဖုံးကွယ်နိုင်သည်။

သူဘယ်သွားသွား သူ့ပတ်ဝန်းကျင်မှာ မကောင်းတဲ့စွမ်းအားတွေပျံ့နေတတ်သည်။

အဲ့မကောင်းဆိုးရွားတစ္ဆေပျက်ဖုန့်ယင်းကိုတွေးမိတာနဲ့ နဉ်ရှုမှာ စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုတ်ချင်လာရတော့သည်။ နှစ်ဖက်ကြားကကွာဟချက်က ကြီးမားလွန်းနေ‌သည်လေ။

ဒီလိုစွမ်းအားကြီးတဲ့ဟာကြီး ‌ခေတ်သစ်ကမ္ဘာမှာရှိနေတာက တကယ်ပဲစည်းမျဉ်းတွေနဲ့မဆန့်ကျင်ဘူးလား?

တစ်ညတာလေ့ကျင့်ပြီးနောက်မှာ သူမ ချီစွမ်းအင်အမျှင်တန်းလေးတစ်ခုကို အောင်အောင်မြင်မြင်ဖန်တီးလိုက်နိုင်သည်။ အဲ့စွမ်းအင်က သူမရဲ့တန်းထျန်ထဲကချီစွမ်းအင်အမျှင်တန်းလေးနဲ့ပေါင်းစပ်သွားပြီး နည်းနည်းပိုထူလာသည်။

နဉ်ရှုက သူမကိုယ်ပေါ်မှာ မန္တန်စာရွက်တွေအများကြီးကပ်လိုက်ပြီး သရဲမြင်ရဖို့လိုအပ်တဲ့နွားမျက်ရည်ကိုယူသည်။

သူမအနေနဲ့ ဂါထာရွတ်ပြီး ကောင်းကင်မျက်လုံးဖွင့်လို့ရတယ်ဆိုပေမယ့် ဒါက အင်အားအများကြီးသုံးရသည်။

နဉ်ရှုက အောက်ထပ်ကိုဆင်းသွားပြီး ကုမ္ပဏီကိုမသွားခင် မနက်စာစားသည်။

အဆောက်အအုံထဲဝင်လာချိန်မှာ ကုမ္ပဏီက အရင်ကလောက်ထိုင်းမှိုင်းပြီးစိတ်ဓာတ်ကျစရာမကောင်းတော့ဘူးလို့ နဉ်ရှုခံစားလိုက်ရသည်။ ဝန်ထမ်းတွေမှာလည်း စိတ်ညှိုးငယ်နေတဲ့အော်ရာတွေမရှိတော့ပေ။

သူမစားပွဲကိုနဉ်ရှုရောက်တဲ့အခါ စုန့်ရှီးဟန်ဆီကနေ အတော်လေးသိပ်သည်းတဲ့အနက်ရောင်အခိုးအငွေ့တွေထွက်နေတာကို သူမ ချက်ချင်းသတိထားလိုက်မိသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now