Chapter - 20

1.5K 324 13
                                    

Unicode

၁၄၇၄။ သူ့ကိုချုပ်ထား
____________________

ဆေးရည်အဆင်သင့်ဖြစ်တာနဲ့ နဉ်ရှုက ရှဲ့ဝေ့မင်အတွက် ပန်းကန်တစ်လုံးစာလောင်းထည့်ပေးပြီးဆိုသည်။

"ဦးလေးလည်းနည်းနည်းသောက်သင့်တယ်။ ဦးလေးက ရှဲ့ယိယွမ်နဲ့နေ့တိုင်းနေနေတော့ ဦးလေးလည်း မကောင်းတဲ့စွမ်းအင်တချို့နဲ့ထိတွေ့မိထားတယ်။"

ရှဲ့ဝေ့မင်က ဘာမှမပြောဘဲ အပနှင်တဲ့ဆေးရည်ကိုသာတန်းသောက်ချလိုက်သည်။ သူ့ကိုယ်ကနေ အနက်ရောင်အခိုးအငွေ့တချို့ထွက်သွားတာကို နဉ်ရှုတွေ့လိုက်ရသည်။

ရှဲ့ဝေ့မင်မှာ သူ့သားလိုမျိုး သူ့ကိုယ်ထဲဝင်နေတဲ့မကောင်းတဲ့စွမ်းအင်တွေမရှိပေမယ့် အဲ့စွမ်းအင်တွေကူးစက်တာခံလိုက်ရဆဲဖြစ်သည်။ ဒါကြောင့်မို့လည်း အခုတလော သူဘာလုပ်လုပ်အဆင်မပြေဖြစ်နေတာပင်။

နဉ်ရှုက ပန်းကန်ကိုယူကာ ရှဲ့ယိယွမ်ရဲ့အခန်းကိုသွားသည်။ သူမက သူ့နဖူးထက်မှာ မန္တန်စာရွက်တစ်ရွက်ကပ်လိုက်သည်။ ရှဲ့ယိယွမ်မှာ ချက်ချင်းမသက်မသာခံစားလိုက်ရပြီး ကုတင်ပေါ်မှာလူးလွန့်ကာနိုးလာ၏။

သူ့ပါးစပ်ကနေ ဟားဟားဆိုတဲ့အသံတွေထွက်နေပြီး သူ့မျက်စိသူငယ်အိမ်က ပြူးကျယ်နေသည်။

"သူ့ကိုချုပ်ထားဖို့ လူနည်းနည်းခေါ်လိုက်။"

နဉ်ရှုက ရှဲ့ဝေ့မင်ကိုပြောလိုက်ပြီး သူက တံခါးနားမှာရပ်နေတဲ့သက်တော်စောင့်တွေကို အထဲဝင်လာဖို့ ချက်ချင်းအချက်ပြလိုက်သည်။

သက်တော်စောင့်လေးယောက်က ရှဲ့ယိယွမ်ကိုချုပ်ထားပြီး နဉ်ရှုကတော့ လက်ဆန့်ကာ ရှဲ့ယိယွမ်ရဲ့နှာခေါင်းကိုလက်နှစ်ချောင်းနဲ့ညှပ်ပိတ်ဖို့လုပ်သည်။ ရှဲ့ယိယွမ်က နဉ်ရှုရဲ့လက်ကိုကိုက်ဖို့ လည်ပင်းဆန့်သည်။

နဉ်ရှုက မန္တန်စာရွက်တစ်ရွက်ထပ်ထုတ်လိုက်ပြီး အဲ့စာရွက်ကိုသုံးကာ ရှဲ့ယိယွမ်ရဲ့လှုပ်ရှားမှုတွေကိုထိန်းချုပ်လိုက်သည်။ ထို့နောက် သူမက သူ့နှာခေါင်းကို အောင်အောင်မြင်မြင်ပိတ်လိုက်နိုင်ပြီး ဆေးတွေကို သူ့ပါးစပ်ထဲလောင်းထည့်သည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now