Chapter - 26

1.4K 347 14
                                    

Unicode

၁၄၈၀။ စနောက်တတ်ပြီးအန္တရာယ်မပေး
__________________________

သူမတို့ကုမ္ပဏီကိုရောက်တဲ့အခါ ရှဲ့ဝေ့မင်က နဉ်ရှုကို စုန့်ရှီးဟန်နားကအလုပ်စားပွဲမှာနေရာပေးသည်။ ဤသို့ဖြင့် အကန့်ပြားတစ်ခုကသာ စုန့်ရှီးဟန်နဲ့နဉ်ရှုကိုခွဲထားလေ၏။

နွားမျက်ရည်သုတ်မထားပေမယ့်လည်း နဉ်ရှုမှာ ဖုန့်ယင်းကသူမကိုကြည့်နေတာကိုခံစားမိဆဲဖြစ်သည်။ သူ့အကြည့်က အေးစက်ပြီး အကဲခတ်မှုနဲ့မနှစ်သက်မှုတွေအများကြီးပါဝင်နေသည်။

သူက နဉ်ရှု သူ့မိန်းကလေးဘေးမှာထိုင်တာကို မကျေမနပ်ဖြစ်နေတာသိသာသည်။

စုန့်ရှီးဟန်ရဲ့မျက်နှာက ပန်းရောင်တောက်နေပေမယ့် သူမရဲ့မျက်ခုံးနှစ်ဖက်ကြားမှာ အနက်ရောင်အငွေ့အသက်တို့ရှိနေသည်။ သူမက အငြိုးကြီးတဲ့သရဲတွေနဲ့တစ်ချိန်လုံးရှိနေရသည်၊ အထူးသဖြင့် နှစ်တစ်ထောင်သက်တမ်းရှိတဲ့ဖုန့်ယင်းနဲ့ဖြစ်ပြီး သူနဲ့စိတ်လှုပ်ရှားစရာယောဂတချို့ကိုပါလုပ်ရသေးလေရာ သူမရဲ့ခန္ဓာကိုယ်ကပျက်စီးမှာသေချာနေသည်။

မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အစတည်းကယင်ဓာတ်များတာမို့ မသန့်ရှင်းတဲ့အရာတွေကိုဆွဲဆောင်မိဖို့လွယ်ကူသည်။

စုန့်ရှီးဟန်က နဉ်ရှုကိုတွေ့သွားပြီး ယဉ်ယဉ်ကျေးကျေးပြုံးပြလာ၏။ အေးစက်စက်အကြည့်တစ်ချက်က သူမဆီရောက်လာတာကို နဉ်ရှု ချက်ချင်းပင်ခံစားမိလိုက်ရသည်။

မနာလိုတာတွေများလိုက်တာ၊ စုန့်ရှီးဟန်က မိန်းမတစ်ယောက်ကိုတောင်ပြုံးပြလို့မရဘူးပဲ။

နဉ်ရှုက စုန့်ရှီးဟန်နားမှာထိုင်နေတာဖြစ်သည်။ စုန့်ရှီးဟန်ရဲ့တီးတိုးစကားသံတွေနဲ့ကြိတ်ရယ်သံတွေကို သူမ ခဏခဏကြားနေရသည်။

စုန့်ရှီးဟန်က ဖုန့်ယင်းနဲ့စကားပြောနေတာသိသာပါသည်။

နဉ်ရှုက သူမရဲ့ဖန်ခွက်ကိုယူတော့မယ်အလုပ်မှာပဲ ဖန်ခွက်က စားပွဲအစွန်းကိုရွေ့သွားကာ ကြမ်းပေါ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာကွဲသွားတော့သည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now