Chapter - 34

1.4K 336 2
                                    

Unicode

၁၄၈၈။ သေရင်တောင်နောင်တမရ
________________________

နဉ်ရှုက မျက်လုံးလှန်ကာဆိုသည်။

"သူတို့က အချင်းချင်းတကယ်ချစ်နေကြပြီးခွဲဖို့ခက်တယ်။ သူတို့က သေရင်တောင်နောင်တရမှာမဟုတ်ဘူး။ သူတို့အတွက် ဒီဘဝမှာ သူတို့ရဲ့ဝိဉာဉ်ဖက်ကိုရှာနိုင်တာကလုံလောက်ပြီ။"

အဖိုးအို : ...

"မင်း ဘာတွေပြောနေတာလဲ? လူနဲ့သရဲကမတူဘူး။ အတင်းအကြပ်ပေါင်းစည်းတာကို ကောင်းကင်ဘုံကတားမြစ်ထားတယ်၊ ပြီးတော့ ဆိုးရွားတဲ့ကံကြမ္မာနဲ့အဆုံးသတ်ရမှာက သရဲမဟုတ်ဘူး။"

အဖိုးအိုကပြောသည်။

"ကျွန်မသိပါတယ်။ ကျွန်မ သူ့ကိုဖျောင်းဖျဖို့ကြိုးစားပေမယ့် မျှော်လင့်ချက်သိပ်မရှိဘူး။ အဲ့သရဲကလည်းချောတာကိုး။ ဒီကမ္ဘာမှာ သူနဲ့ယှဉ်နိုင်တဲ့လူမရှိတာသေချာတယ်။"

နဉ်ရှုကပြောသည်။

"သရဲက ဆရာနဲ့သာတူရင် ကျွန်မ သူ့ကိုဖျောင်းဖျဖို့တောင်လိုမှာမဟုတ်ဘူး။ သရဲနှင်ပေးဖို့အတွက် သူ တစ်ယောက်ယောက်ကိုချက်ချင်းရှာလောက်တယ်။"

အဖိုးအိုစကားပြောလာဖို့ အချိန်အတော်ကြာသွားသည်။

"သူက အဲ့ကလေးမကိုလှည့်စားနေတာပဲ။"

ဒါပေမယ့်လည်း အဲ့လိုမဟုတ်ဘူးရော်။ ခြုံပြောရမယ်ဆိုရင် သရဲတွေက လူ့ဘဝတုန်းကပုံစံနဲ့နေတတ်ကြတယ်လေ။ ဒါကြောင့်မို့ ဖုန့်ယင်းက သူလူ့ဘဝမှာရှိတုန်းက အဲ့လောက်ကိုချောတာပဲ။

"ဂရုစိုက်ဦး ကောင်မလေး။"

အဖိုးအိုက ညွှန်ကြားသည်။

နဉ်ရှုကလည်း အကြံထပ်ပေး၏။

"ဆရာ၊ ဆရာဂရုစိုက်ရမယ်နော်၊ ပြီးတော့ ကျန်တဲ့ကလေးတွေကိုရောပဲ။"

အဖိုးအိုက သဘောတူလိုက်ပြီးဆိုသည်။

"မင်း သရဲတွေ့တဲ့အခါ သူတို့ကို ဘဝကူးပေးနိုင်ရင်ကူးပေးလိုက်။"

"အဲ့ဒါက ဘုန်းကြီးတွေအလုပ်မဟုတ်ဘူးလား?"

နဉ်ရှုကမေးသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now