Chapter - 55

1.4K 308 9
                                    

Unicode

၁၅၀၉။ သူမကို တန်းသတ်ပစ်ခဲ့သင့်တာ
______________________

ဖုန့်ယင်းရဲ့စွမ်းအားတွေလျော့သွားတယ်ဆိုပေမယ့်လည်း နဉ်ရှု သူနဲ့ရင်မဆိုင်နိုင်သေးပါချေ၊ အထူးသဖြင့် အခု သူမ ဒဏ်ရာရထားချိန်မှာဖြစ်၏။

သူမရဲ့နှလုံးဆီကဒဏ်ရာက သူမရဲ့ကျင့်ကြံနှုန်းကိုနှောင့်နှေးစေသည်။ သို့တိုင် အဖိုးအို သူမကိုပေးခဲ့တဲ့ဆေးလုံးက အကျိုးသက်ရောက်မှုရှိ၏။

နဉ်ရှုတို့ဘက်က စိုးရိမ်နေသည်ဆိုလျှင် ဖုန့်ယင်းတို့ဘက်ကတော့ အတော်ကြီးကိုထိတ်ထိတ်ပျာပျာဖြစ်နေသည်ဟုဆိုနိုင်သည်။

အရင်တစ်ခါက စုန့်ရှီးဟန်မှာ သရဲထောင်သောင်းချီသူမကိုယ်ထဲဝင်ရောက်သွားတာကိုခံခဲ့ရပြီး အခု သူမရဲ့အခြေအနေက ဝိဉာဉ်ပျက်စီးတော့မလိုဖြစ်နေသည်။ ဖုန့်ယင်း အင်မတန်စိုးရိမ်နေသည်။

စုန့်ရှီးဟန်သာ သဘာဝအတိုင်းသေဆုံးခဲ့ရင် သူမက သရဲအဖြစ်နဲ့ သူနဲ့အတူနေနိုင်ဦးမှာ။ ဒါပေမယ့် ဒါက အရင်ကပဲ၊ အခု သူမရဲ့ဝိဉာဉ်က ထာဝရပျောက်ကွယ်သွားတော့မှာ။

လောကကြီးမှာ စုန့်ရှီးဟန်ဆိုတာရှိတော့မှာမဟုတ်ဘူး။ သူမ လူပြန်ဝင်စားလို့ရမှာမဟုတ်လို့ သူ သူမကို ဘယ်တော့မှထပ်ရှာတွေ့မှာမဟုတ်တော့ဘူး။

ဒါကြောင့် စုန့်ရှီးဟန်သေလို့မရဘူး။ သူမ သေလို့မရဘူး။

ဖုန့်ယင်းရဲ့အမူအရာက တိမ်ထူနေတဲ့ရာသီဥတုလိုမျိုး အုံ့မှိုင်းညို့ဆိုင်းနေသည်။ သူက သတိလစ်နေတဲ့စုန့်ရှီးဟန်ကို နောင်တအပြည့်နဲ့ကြည့်နေ၏။

သူသာသိခဲ့ရင် စုန့်ရှီးဟန်နဲ့အိပ်ဖို့ ဒီလိုလောကြီးမိမှာမဟုတ်ဘူး။ အဲ့လိုသာဆို သူမ ယင်စွမ်းအင်တွေကြောင့်ထိခိုက်မှာမဟုတ်ဘူး။

သူ စုန့်ရှီးဟန်ကို ပထမဆုံးစတွေ့တည်းက သူမကို တန်းသတ်ပစ်ပြီး သရဲဖြစ်အောင်လုပ်ပြီးမှ တစ္ဆေဘုရင်အမြုတေပေးသင့်တာ။ သူမက အခု သူမဖြစ်နေတဲ့လူတစ်ပိုင်းသရဲတစ်ပိုင်းသတ္တဝါမျိုးဖြစ်နေမယ့်အစား စွမ်းအားကြီးသရဲဖြစ်လာမှာ။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now