Chapter - 27

1.4K 338 19
                                    

Unicode

၁၄၈၁။ ဒီလိုဗြောင်လိမ်လို့မရဘူး
_________________________

နဉ်ရှုက စုန့်ရှီးဟန်ကိုပေးဖို့ မန္တန်စာရွက်ထုတ်ခဲ့တာမဟုတ်သလို စုန့်ရှီးဟန်လက်ခံဖို့ကိုလည်းမျှော်လင့်မထားပါချေ။ ဒါက သရဲငနောက်နဲ့ရင်ဆိုင်ဖို့သာဖြစ်၏။

သရဲက မန္တန်စာရွက်နဲ့အထိခံလိုက်ရတာနဲ့ အနက်ရောင်အခိုးအငွေ့တွေထွက်လာပြီး သူ့ဝိဉာဉ်သည်ပင် နည်းနည်းပိုပါးသွားပုံရသည်။

ဒီအချိန်မှာတော့ သူက နဉ်ရှုကို ခက်ထန်စွာစိုက်ကြည့်နေပြီး သူမဆီပြေးလာ၏။ သို့သော်ငြား နဉ်ရှုရဲ့အမူအရာကတော့ပြောင်းမသွားပါချေ။ သူမ သူမလက်ထဲကမန္တန်စာရွက်နဲ့ သရဲကို လမ်းမှာတင်ရပ်သွားအောင်ဖိအားပေးလိုက်သည်။

ဘေးကနေကြည့်နေတဲ့စုန့်ရှီးဟန်မှာ နဉ်ရှုလက်ထဲကမန္တန်စာရွက်က သရဲတွေကိုတကယ်ပဲဟန့်တားနိုင်တယ်ဆိုတာတွေ့သွား၏။ သူမက မနေနိုင်စွာဖြင့်မျက်မှောင်ကုတ်ကာဆိုသည်။

"မန္တန်စာရွက်တွေဆိုတာ အယူသီးတာပဲ။ အခုက ဘယ်ခေတ်မို့လဲ?"

နဉ်ရှု : ...

သူမဘေးနားမှာ သရဲတစ်ကောင်ရှိနေတာတောင် သူမက မန္တန်စာရွက်တွေက ရှေးရိုးဆန်တဲ့အယူသီးမှုတွေလုပ်နေသေးတယ်။ ကောင်မလေး၊ နင် ဒီလိုဗြောင်လိမ်လို့မရဘူးလေ။

နဉ်ရှုက သူမလက်ထဲကမန္တန်စာရွက်ကိုမြှောက်လိုက်ပြီး တစ်ဖက်က သရဲငနောက်ကို သူမနဲ့ခြေလှမ်းနည်းနည်းအကွာကိုပိုဆုတ်သွားစေလိုက်သည်။

"ဒါက သရဲတွေနဲ့မကောင်းတဲ့စွမ်းအင်တွေကိုဟန့်တားနိုင်ဖို့ကူညီပေးတယ်။ ဒါကိုဆောင်ထားတာကောင်းတာပဲလေ။ နင်လိုချင်လား?"

နဉ်ရှုက ဖုန့်ယင်းရဲ့ရေခဲတမျှအေးစက်နေတဲ့မျက်လုံးတွေကိုလျစ်လျူရှုကာ စုန့်ရှီးဟန်ကိုလှမ်းပြောသည်။

စုန့်ရှီးဟန်က ပြုံးလိုက်ပြီးခေါင်းယမ်းကာဆို၏။

"မလိုပါဘူး။"

အခု သူမအနားကပ်နိုင်တဲ့သရဲမှမရှိတာ။

သူမဘေးမှာ တခြားသရဲတွေအကုန်လုံးကိုကြောက်လန့်သွားစေနိုင်တဲ့ စွမ်းအားကြီးသရဲသက်တော်စောင့်ရှိတယ်လေ။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now