Chapter - 19

1.5K 336 4
                                    

Unicode

၁၄၇၃။ တိရစ္ဆာန်လိုမာန်ဖီသံများ
________________________

ရှဲ့ဝေ့မင်ရဲ့သား ရှဲ့ယိယွမ်က နေရာတစ်ခုမှာ သရဲတစ်ကောင်နဲ့တွေ့ခဲ့ပြီး ရှဲ့ဝေ့မင်က သူ့သားကိုကြည့်ပေးဖို့အတွက် ဘုန်းကြီးတွေနဲ့သူတော်စင်တွေအများကြီးကိုဖိတ်ခဲ့သည်။

သို့သော်ငြား ဒီခေတ်မှာ တကယ်အရည်အချင်းရှိတဲ့ဘုန်းကြီးတွေနဲ့သူတော်စင်တွေက နည်းနည်းပဲရှိပြီး ဒီနေ့ခေတ်လူတွေက အရင်တုန်းကလောက် အသေးစိတ်အချက်လေးတွေကို ဂရုမစိုက်ကြတော့ပေ။ အရင်တုန်းကတော့ သူတို့တွေက တစ်ခုခုမလုပ်ခင် တားမြစ်ထားတာတွေကိုအမြဲစဉ်းစားရသည်။

ရှဲ့ဝေ့မင်က အဖိုးအိုနဲ့ အကြိမ်အတော်များများအဆက်အသွယ်လုပ်ခဲ့ပြီး သူ့သားကိုကယ်ပေးဖို့တောင်းဆိုခဲ့သည်။

စိတ်ထဲမှာတော့ သူက နဉ်ရှုအပေါ်ယုံကြည်မှုမရှိပေမယ့် လုပ်နိုင်သမျှနည်းလမ်းအားလုံးကိုစမ်းကြည့်ဖို့ကလွဲပြီး သူ့မှာရွေးစရာမရှိချေ။ သူမသာ ဒါကိုမဖြေရှင်းနိုင်ရင် သူမက သူမရဲ့ဆရာကိုလာခဲ့ဖို့လှမ်းခေါ်မှာသေချာသည်လေ။

နဉ်ရှုက မန္တန်စာရွက်တစ်ရွက်ထုတ်လိုက်ပြီး လက်ချောင်းတွေကြားညှပ်လိုက်သည်။ မန္တန်စာရွက်က မီးတွေထတောက်ပြီး အခန်းထဲမှာရစ်ဝဲနေတဲ့ယင်စွမ်းအင်တွေကို လွင့်ပြယ်သွားစေ၏။ ထို့နောက် သူမက အခန်းထဲဝင်လိုက်သည်။

နဉ်ရှုက ခန်းဆီးတွေကိုလှပ်လိုက်ပြီး တောက်ပတဲ့နေရောင်က အခန်းထဲချက်ချင်းထွင်းဖောက်ဝင်ရောက်လာကာ ကုတင်ပေါ်ရှိ ရှဲ့ယိယွမ်ပေါ်ဖြာကျလာသည်။

အစောတုန်းက အခန်းကမှောင်နေတာမို့ နဉ်ရှုမှာ ရှဲ့ယိယွမ်ရဲ့အခြေအနေကို သေချာမတွေ့ခဲ့ရပါချေ။ အခုတော့ သူ့မျက်နှာကရောင်ကိုင်းပြာနှမ်းနေပြီး သူ့နဖူးထက်မှာ ပတ်တီးတစ်ခုစည်းထားတာကို‌သူမတွေ့လိုက်ရ၏။

သူက အလင်းရောင်စူး‌စူးကြောင့် သိသိသာသာပင်မသက်မသာဖြစ်နေ၏။ သူက လူးလွန့်ကာ ကုတင်ဘေးမှာရပ်နေတဲ့နဉ်ရှုကိုအော်သည်။

သူက စကားပြောနေတာမဟုတ်ဘဲ တိရစ္ဆာန်နဲ့တူတဲ့မာန်ဖီသံတွေလုပ်နေတာဖြစ်သည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now