Chapter - 50

1.4K 342 13
                                    

Unicode

၁၅၀၄။ သူ့ကို ဖယ်ရှားဖို့မအောင်မြင်ခဲ့ဘူး
______________________

သူမကိုယ်ပေါ်မှာ မန္တန်စာရွက်တစ်ရွက်ကပ်ထားတယ်ဆိုပေမယ့်လည်း သူမ ရေခဲဂူထဲရောက်နေသလိုခံစားနေရဆဲဖြစ်၏။ သူမ ရှဲ့စံအိမ်ကိုပြန်ရောက်ချိန်မှာ သူမရဲ့မျက်နှာက ပြာနှမ်းနေပြီး နှုတ်ခမ်းတွေက မည်းနက်နေသည်။

ရှဲ့သားအဖက သူမကို စံအိမ်မှာစောင့်နေကြသည်။ ဒီလိုပုံစံနဲ့နဉ်ရှုကိုမြင်တဲ့အခါ သူတို့က အလောတကြီးမေး၏။

"မင်း ဘာဖြစ်လာတာလဲ?"

နဉ်ရှုက အပနှင်ဆေးရည်နှစ်ခွက်အရင်ဆုံးဖြည့်ပြီး သောက်ချလိုက်သည်။ ထို့နောက် သူမက သူမကိုယ်ပေါ်မှာ မန္တန်စာရွက်တစ်ရွက်ထပ်ကပ်လိုက်တာမို့ အနက်ရောင်အခိုးအငွေ့တွေထွက်လာသည်။

ဒါတွေအားလုံးလုပ်ပြီးကာမှ နဉ်ရှုက ရှဲ့ဝေ့မင်ကိုပြောသည်။

"လောလောဆယ် အန်ကယ့်ဝန်ထမ်းတွေကို အလုပ်မလုပ်ခိုင်းသေးနဲ့ဦး။"

ဒီလိုအကြီးအကျယ်ရှုံးထားတာဆိုတော့ ဖုန့်ယင်းက သေချာပေါက်လက်တုန့်ပြန်မှာပဲ။

ရှဲ့ဝေ့မင်ကမေးသည်။

"ဘာဖြစ်လို့လဲ?"

"ကျွန်မ သူ့ကိုဖယ်ထုတ်ဖို့မအောင်မြင်ခဲ့ဘူး။ သူ လက်တုန့်ပြန်ချင်နေမှာပဲ။"

နဉ်ရှုရဲ့ခန္ဓာကိုယ်က အားနည်းလာသည်။

ရှဲ့ဝေ့မင်ကခေါင်းငြိမ့်သည်။

"ကောင်းပြီလေ။"

ထို့နောက် သူက သက်ပြင်းချသည်။

"ကုမ္ပဏီကတော့ အရှုံးခံရဦးမယ်လို့ ငါထင်တယ်။"

နဉ်ရှုက နှုတ်ခမ်းစေ့လိုက်ပြီးဆိုသည်။

"လူသေရင် ဘာစီးပွားရးလုပ်စရာရှိတော့မှာတုန်း? အခု ကျွန်မတို့ အမြဲသတိချပ်နေဖို့လိုတယ်။ တစ္ဆေဘုရင်က ကျွန်မတို့ဆီ သေချာပေါက်လာမှာ။"

အဲ့လိုပြောပြီးနောက် နဉ်ရှုက အပေါ်ထပ်တက်သွားကာ သူမအခန်းဆီပြန်သွားသည်။ သူမက ကုတင်ပေါ်မှာထိုင်ကာကျင့်ကြံလိုက်ပြီး သူမရဲ့စွမ်းအင်ကို ယင်စွမ်းအင်နဲ့အငြိုးအတေးစွမ်းအင်တွေကြောင့်ထိခိုက်သွားတဲ့သူမရဲ့နှလုံးအစိတ်အပိုင်းတွေကို ပြန်ကုသဖို့ညွှန်ကြားလိုက်သည်။ အထူးသဖြင့် ဖုန့်ယင်းရဲ့လက်ဝါးက သူမရင်ဘတ်ကိုထိမိသွားချိန်မှာ သူမရဲ့နှလုံးသွေးကြောတွေအားလုံး ထိခိုက်ကုန်သည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now