Chapter - 61

1.4K 325 6
                                    

Unicode

၁၅၁၅။ ထူးချွန်တဲ့ဆရာက ထက်မြက်တဲ့တပည့်ကိုမွေးထုတ်ပေးတယ်
___________________

နဉ်ရှုမှာ ဖုန့်ယင်းလည်ပင်းညှစ်တာခံနေရပြီး သူမခန္ဓာကိုယ်က တောင့်ခဲနေကာ မလှုပ်နိုင်ချေ။

ဖုန့်ယင်းက ဘာလို့ လူတွေကိုလည်ပင်းညှစ်ရတာကိုအရမ်းကြိုက်ရလဲဆိုတာကို သူမ နားမလည်ပေ။

အသက်တစ်ချောင်း သူ့လက်ဖျားထိပ်မှာတင်ပျောက်ကွယ်သွားတာကိုကြည့်နေရတာရဲ့ကျေနပ်မှု၊ လူတစ်ယောက်ရဲ့ရှင်ခြင်းသေခြင်းကိုဆုံးဖြတ်နိုင်တာရဲ့ကျေနပ်မှုတို့ကြောင့်ဖြစ်နိုင်သည်။

ဖုန့်ယင်းရဲ့နှုတ်ခမ်းတွေ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာကိုကြည့်ရင်း နဉ်ရှုက သူမရဲ့တန်ထျန်းထဲရှိစွမ်းအင်တို့ကိုစုစည်းလိုက်သည်။ သူမက အဝတ်အိတ်ထဲကိုလက်နှိုက်ကာ ဝိဉာဉ်ပုလဲကိုအလောတကြီးယူလိုက်ပြီး ပုလဲကို ဖုန့်ယင်းပါးစပ်ထဲထိုးထည့်လိုက်၏။

"အား..."

သူ့ပါးစပ်ထဲ ပစ္စည်းတစ်ခုရုတ်တရက်ဝင်ရောက်သွားတဲ့အခါ ဖုန့်ယင်းရဲ့တခြားလက်တစ်ဖက်က အဲ့ပစ္စည်းကဘာပဲဖြစ်ဖြစ် ဆွဲထုတ်ဖို့ကြိုးစားသည်။

ဝိဉာဉ်ပုလဲက ဝိဉာဉ်စွမ်းအင်တွေကိုစုပ်ယူသည်။ သို့ဖြစ်ရကား ပုလဲက ဝိဉာဉ်စွမ်းအားကိုခံစားမိလိုက်တာနဲ့ ဖုန့်ယင်းပါးစပ်ထဲမှာတွယ်ကပ်နေပြီး သူ့ကိုယ်ထဲတိုးဝင်သွားတော့သည်။

ဒီပစ္စည်းက သူ့ဝိဉာဉ်ကိုစုပ်ယူနေတာကို ဖုန့်ယင်းလည်းခံစားမိလိုက်ပြီး နည်းနည်းစိတ်တိုလာ၏။

သူ့ကိုယ်ထဲမှာ ဝိဉာဉ်ပုလဲရှိနေတာတောင် ဖုန့်ယင်းက နဉ်ရှုရဲ့လည်ပင်းကိုလွှတ်မပေးချေ။

နဉ်ရှုမှာ သူမရဲ့အဆုတ်တွေကွဲထွက်သွားတော့မလိုခံစားနေရ၏။ သူမရဲ့သွေးတွေက စီးဆင်းမှုရပ်သွားပြီး သူမမျက်နှာက ဖူးယောင်လာသည်။

နည်းနည်းသာထပ်ကြာလိုက်ပါက သူမ တကယ်သွားပေပြီ။

"ကောင်မလေး။"

အဖိုးအိုက မက်မွန်သားဓားကိုလက်မှာကိုင်လျက် နဉ်ရှုနဲ့ဖုန့်ယင်းဆီပြေးဝင်ဖို့လုပ်သော်ငြား ဂိုဏ်းတူဦးလေးကဲပြန်ဆွဲတာခံလိုက်ရသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now