Chapter - 13

1.5K 335 2
                                    

Unicode

၁၄၆၇။ အခေါင်းပုံနဲ့မတူဘူး
____________________

မထင်မှတ်ထားစွာဖြင့် အရိုးတွေအများကြီးတူးမိသည်။ အဖိုးအိုပင် ဒါကိုမျှော်လင့်မထားပါချေ။

အခု ဒီအရိုးတွေကိုဖယ်ရှားဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပေ။ ဒါ့အပြင် အားလုံးက ရောနှောနေပြီး ဘယ်အရိုးက ဘယ်သူ့ဟာဆိုတာကိုပြောနိုင်ဖို့ မဖြစ်နိုင်ပေ။

ပိုးကောင်ပေါင်းစုံက ခေါင်းခွံတွေရဲ့မည်းမှောင်နေတဲ့မျက်လုံးပေါက်တွေထဲကနေ အုံခဲကာထွက်လာပြီး စက်ဆုပ်ဖွယ်အပုပ်နံ့က လေထုထဲပျံ့နှံ့နေသည်။ အဖိုးအိုက အားလုံးကို အလျင်အမြန်ထွက်သွားစေ၏။ သူက သူတို့ကို နှာခေါင်းတွေပိတ်ထားပြီး လေမရှူဖို့ပြောသည်။

နဉ်ရှုကလည်း ကလေးအုပ်စုကို ခပ်လှမ်းလှမ်းခေါ်သွားသည်။

အဖိုးအိုရဲ့မျက်နှာက ဖြူဖျော့နေပြီး သူက မနေနိုင်စွာဖြင့်နဖူးကိုပွတ်သည်။ ခဏအကြာ၌ သူက ကျန်နေတဲ့လူတွေကို တွင်းကိုပြန်ဖို့ဖို့ညွှန်ကြားသည်။

အိမ်ရှင်က အဖိုးအိုကိုမေးသည်။

"ကျွန်တော်တို့ ဒီအ‌ရိုးတွေကို ဘာလုပ်သင့်လဲ?"

ဟင်းချက်ဖို့ထားလိုက်လေ! အဖိုးအိုက မျက်မှောင်ကုတ်သည်။

"မြှုပ်ရမှာပေါ့။"

"မင်းတို့အတွက် ဘေးအကင်းဆုံးရွေးချယ်မှုက နေရာပြောင်းဖို့ပဲ။ ဒီမှာ မနေကြနဲ့တော့။"

အဖိုးအိုကပြောသည်။

"အိမ်ဆောက်ဖို့ နေရာအသစ်ရွေး။"

"အနီးနားကအိမ်တွေအားလုံးလည်း နေရာပြောင်းသင့်တယ်။ မင်းတို့အိမ်အသစ်တွေရဲ့ဖုန်းရွှေကိုစစ်ဆေးဖို့ ငါ့ကိုလာရှာကြ။"

သူတို့ရဲ့ခြေထောက်အောက်မှာ လူသေတွေအများကြီးရှိနေတယ်။ ဒီအတွေးကတင် အတော်လေးကြောက်ဖို့ကောင်းတယ်။ အိမ်နီးနားချင်းတွေအားလုံးက အိမ်ပြောင်းချင်ကြတာမို့ အဖိုးအိုကို သူတို့အတွက် ဖုန်းရွှေစစ်ဆေးပေးဖို့ပြောသည်။

ဒီအလုပ်ကမအောင်မြင်ပေမယ့် အဖိုးအိုက သူတို့ကို မြန်မြန်ပြောင်းပြီး သူတို့အိမ်တွေကို တခြားနေရာမှာဆောက်သင့်တယ်လို့အကြံပေးလိုက်တာမို့ သူတို့က ဖုန်းရွှေစစ်ဆေးပေးဖို့ သူ့ကိုသေချာပေါက်လာရှာကြမှာပင်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now