Chapter - 7

1.7K 336 5
                                    

Unicode

၁၄၆၁။ ပိုက်ဆံပိုရအောင် လူတွေကိုခြောက်
________________

နဉ်ရှုက သူမရဲ့လေ့ကျင့်မှုကို အရှိန်မြှင့်လိုက်သည်။ ကံကောင်းချင်တော့ ဒီသူတော်စင်ဘုရားကျောင်းက လူနေကျဲပါးတဲ့နေရာမှာရှိနေတာဖြစ်ပြီး စိမ်းလန်းနေတဲ့တောင်တန်းတွေ၊ တောအုပ်တွေနဲ့ဝန်းရံခံထားရတာမို့ မော်တော်ကားမီးခိုးငွေ့တွေနဲ့ပြည့်နေတဲ့မြို့ကြီးတွေထက် ဝိဉာဉ်စွမ်းအင် အများကြီးပိုရှိသည်။

ခြုံကြည့်ရသော် ဒီနေရာက အနားယူဖို့အတော်လေးကောင်းမွန်တဲ့နေရာဖြစ်ပေသည်။ တောင်ခြေမှာ ရွာတစ်ရွာရှိ‌ပေမယ့် အဲ့ရွာက ပြင်ပလောကနဲ့အဆက်ပြတ်နေတဲ့ရွာဖြစ်သည်။

တစ်ခါတစ်လေ ရွာထဲကတစ်ယောက်ယောက် သဘာဝလွန်အဖြစ်အပျက်တစ်ခုခုနဲ့ကြုံတဲ့အခါ သူတို့က အဖိုးအိုဆီလာတတ်ကြသည်။ များသောအားဖြင့် သူတို့က သူ့ကို ကန်စွန်းဥတွေ၊ ရွှေဖရုံသီးတွေနဲ့ ပေးချေတတ်ကြပြီး အခြေအနေနည်းနည်းပိုကောင်းတဲ့သူတွေကတော့ ကြက်တစ်ကောင်ပေးတတ်သည်။

အဖိုးအိုက အကြိမ်တိုင်းလိုလို တစ္ဆေဘယ်လိုနှင်ရတယ်ဆိုတာသင်ပြဖို့အတွက် ထောင်ချင်းကိုပါ တစ်ပါတည်းခေါ်သွားတတ်သည်။ အခြေအနေပိုကောင်းတဲ့မိသားစုဆိုရင် သူက ဟိတ်ဟန်ထုတ်တတ်သည်။ သူက လူတွေ သူ့ကိုပိုက်ဆံပိုပေးအောင်ခြောက်ဖို့ ဒီတစ္ဆေရဲ့အငြိုးအော်ရာတွေက သန်မာလွန်းတာမို့ သူတို့ ဒီတစ္ဆေကို မြန်မြန်သုတ်သင်ရမယ်ဆိုတာနဲ့ အရည်မရအဖတ်မရစကားတွေကိုပြောတတ်သည်။

အဲ့လိုဆိုရင်တောင်မှ သူတို့မှာ မိသားစုထဲကများပြားလွန်းတဲ့ပါးစပ်ပေါက်တွေကို ကျွေးဖို့လုံလောက်အောင်ပိုက်ဆံမရနိုင်ဘဲဖြစ်နေသည်။ ဒါ့အပြင် ဒီကလေးတွေအားလုံးက ကြီးကောင်ဝင်နေကြချိန်ဖြစ်၏။ သူတို့တွေက မဆုံးနိုင်တဲ့တွင်းပေါက်ကြီးတွေလိုပင်။

အဖိုးအိုက သူတော်စင်သုံးပါးနဲ့မောင်တောင်ရဲ့တည်ထောင်သူ ရုပ်တုတွေကို ရွှေရုပ်တုတွေအဖြစ်အသစ်ပြန်သွန်းချင်‌နေတာဖြစ်ပေမယ့် အခြေအနေက သူ့ကို အဲ့လိုလုပ်ဖို့ အခွင့်အရေးမပေးချေ။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now