Chapter - 68

1.4K 322 10
                                    

Unicode

၁၅၂၂။ အလောင်းပုပ်သွားအောင် မင်း ဘယ်လိုလုပ်လိုက်တာလဲ?
_______________________

အလောင်းက လအတော်ကြာနေပြီလို့အလောင်းစစ်ဆေးသူပြောထားတဲ့အချက်က တစ်ယောက်ယောက်က အလောင်းကို ဒီလိုဖြစ်သွားအောင်တစ်ခုခုလုပ်ထားတယ်ဆိုတာကိုညွှန်ပြနေသည်။

"အလောင်းပုပ်သွားအောင်လုပ်ဖို့ မင်း ဘာသုံးခဲ့တာလဲ?"

ရဲအရာရှိက နဉ်ရှုကိုဖိအားပေးသည်။

နဉ်ရှု : ...

နဉ်ရှုမှာ ဒီကိစ္စကို ကောင်းကောင်းမဖြေရှင်းခဲ့မိတဲ့အတွက် ကြိတ်ကာနောင်တရနေ၏။ ဒါက စုန့်ရှီးဟန်ကို သူမ မသေခင် ဒီလိုကိစ္စမျိုးလုပ်ဖို့ အခွင့်အရေးရသွားစေတယ်။

ဒီတော့ နောက်ပိုင်းမှာ သူမ သေသေသပ်သပ်ပိပိရိရိနဲ့ တစ်ခါတည်းအသေသတ်ရမယ်။

နဉ်ရှုကပြောသည်။

"ကျွန်မက သံသယတရားခံသက်သက်ပဲ၊ လူသတ်သမားမဟုတ်ဘူး။ ကျွန်မ စုန့်ရှီးဟန်ကိုမသတ်ခဲ့ဘူး။ ရှင်တို့ ပြန်စစ်ဆေးပြီး ကျွန်မကို လူသတ်မှုနဲ့စွပ်စွဲဖို့ သက်သေအလုံအလောက်ရှာတာပိုကောင်းမယ်။"

နဉ်ရှုတစ်ယောက် စုန့်ရှီးဟန်က သရဲလို့ပြောလိုက်ချင်ပေမယ့် ဘယ်သူကယုံမှာတဲ့လဲ?

နောက်ဆုံးမှာတော့ ရဲတွေက နဉ်ရှုကိုသွားခွင့်ပေးလိုက်ပေမယ့် အချိန်မရွေးခေါ်ယူစစ်ဆေးနိုင်ဖို့ မြို့ကနေထွက်သွားခွင့်မပေးချေ။

နဉ်ရှု ရဲစခန်းထဲကထွက်လာပြီးချိန်မှာ ကားကိုမှီရပ်နေတဲ့ရှဲ့ယိယွမ်ကိုတွေ့လိုက်ရသည်။

"ကဲ? ရဲတွေက မင်းကို ဘာတွေမေးတာလဲ?"

ရှဲ့ယိယွမ်ကမေးသည်။

နဉ်ရှုက ကားထဲဝင်ထိုင်လိုက်ပြီးဆိုသည်။

"သူတို့ပြောပုံအရတော့ သူတို့က စုန့်ရှီးဟန်ကို ငါသတ်တာလို့ထင်နေတယ်။"

ရှဲ့ယိယွမ်ကပြောသည်။

"ကိစ္စမရှိဘူး။ ရှဲ့မိသားစုက မင်းကိုကူညီမှာပါ။"

"နင်တို့တွေက နင်တို့ကုမ္ပဏီကိုတောင်ထိန်းမထားနိုင်လောက်တာတောင် ငါ့အတွက် အချိန်ရှိသေးတယ်။ ကျေးဇူးပဲ။"

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now