Chapter - 30

1.5K 355 7
                                    

Unicode

၁၄၈၄။ မန္တန်စာရွက်များကပ်ခြင်း
________________________

စုန့်ရှီးဟန်လည်းထွက်သွားသည်၊ ဖုန့်ယင်းက သူမနောက်လိုက်သွား၏။ သို့သော်ငြား သူက ထွက်မသွားခင် ရှောင်စီ့ကို မျက်လုံးမှိတ်ပြဖို့မမေ့ချေ။ ရှောင်စီက နောက်ချန်နေခဲ့သည်၊ သူ့မျက်လုံးတွေက နဉ်ရှုကို ရက်စက်စွာစိုက်ကြည့်နေ၏။

နဉ်ရှုက သူမရဲ့ပစ္စည်းတွေကိုထုပ်ပိုးပြီး ကုမ္ပဏီကထွက်လာလိုက်သည်။ ခဏအကြာ၌ သူမကျောနဲ့လည်ပင်းမှာ အေးစိမ့်စိမ့်ခံစားလိုက်ရတော့သည်။

နဉ်ရှု ခေါင်းငုံ့ကြည့်လိုက်ပြီး အပြာရောင်လက်တစ်စုံက သူမလည်ပင်းကိုညှစ်နေတာကို တွေ့လိုက်ရသည်။ ရှောင်စီက သူမပေါ်ခွတက်ပြီး သူမကို အပြင်းအထန်လည်ပင်းညှစ်နေ၏။

သူမအသက်ရှူရခက်လာသလို နဉ်ရှုခံစားလိုက်ရပြီး နားထဲမှာလည်း သရဲရဲ့အသံကိုကြားလိုက်ရသည်။

"ဘာလို့ မင်းကိုယ်မင်းမှန်ထဲပြန်မကြည့်တာလဲ? သခင်ဖုန့်နဲ့အစ်မရှီးဟန်တို့ကြားဝင်ရဲရအောင်။"

နဉ်ရှုကား မျက်နှာသေဖြင့်ရှိနေ၏။ သူမက နည်းနည်းချောင်းဆိုးလိုက်ပြီး လူမရှိတဲ့နေရာကိုလျှောက်သွားပြီးမှ မန္တန်စာရွက်တစ်ရွက်ကိုထုတ်သည်။ ထို့နောက် သူမက မန္တန်စာရွက်ကို သရဲရဲ့နဖူးပေါ်မှာအလျင်အမြန်ကပ်လိုက်သည်။

ရှောင်စီက နဉ်ရှုရဲ့လည်ပင်းကိုချက်ချင်းလွှတ်ပေးလိုက်ပြီးအော်တော့သည်။ သူက သူ့နဖူးမှာကပ်နေတဲ့မန္တန်စာရွက်ကိုဖယ်ဖို့ကြိုးစားပေမယ့် သူ့လက်က မန္တန်စာရွက်ကိုထိလိုက်ချိန်မှာ မီးကျွမ်းတဲ့အသံတွေပေါ်လာပြီး အနက်ရောင်အခိုးအငွေ့တွေထွက်လာသည်။

"ငါက နင့်ကိုပြဿနာလာမရှာတာတောင် နင်က ငါ့ဆီလာတယ်။"

နဉ်ရှုက သူမလက်ထဲမှာ နက်မှောင်တောက်ပနေတဲ့ဝိဉာဉ်ပုလဲကိုကိုင်ထားသည်။

ဝိဉာဉ်ပုလဲကိုမြင်လိုက်ရချိန်မှာ ရှောင်စီ့ဝိဉာဉ်က မသိမသာတုန်ရီသွား၏။ ဝိဉာဉ်ပုလဲကိုအထိတ်တလန့်ကြည့်ရင်း ဒါက ဘာပစ္စည်းလဲဆိုတာသူမသိပေမယ့် ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုက သူ့ကိုပစ်မှတ်ထားနေသလိုမျိုး ရှောင်စီခံစားလိုက်ရသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now