Chapter - 23

1.4K 352 17
                                    

Unicode

၁၄၇၇။ အရူးမကြီးနဲ့တူ
________________

တာဝန်ထမ်းဆောင်သူတချို့က ဘာကြောင့်ဖုန့်ယင်းကိုကြွေသွားကြလဲဆိုတာကို နောက်ဆုံးတော့ နဉ်ရှုသိသွားပေပြီ။ သူ့ရဲ့စိတ်ထားနဲ့အလှတရားက သဘာဝနဲ့တကယ်ကိုဆန့်ကျင်နေပေသည်။

ချီး၊ ဒီသရဲက တကယ်ခံ့ညားလွန်းတယ်။

ပြီးတော့ အဲ့အနီရဲရဲဝတ်စုံ...

သူချောပုံမျိုးနဲ့ဆို သရဲဖြစ်တော့ရောဘာဖြစ်လဲ? သူ့ရုပ်ကထိပ်တန်းပဲလေ။

သာမန်လူတွေက အမျိုးသားဇာတ်လိုက်မဖြစ်နိုင်တော့ဘူးပဲ။ အခုဆို လိုအပ်ချက်တွေကဆိုးလွန်းလို့ အမျိုးသားဇာတ်လိုက်တွေက လူသားမျိုးနွယ်ထဲကတောင်မဖြစ်နိုင်တော့ဘူး။

ဖုန့်ယင်းက မသိမသာငုံ့ကိုင်းကာ စုန့်ရှီးဟန်ရဲ့နားနားကပ်သွားသည်။ သူဘာပြောလိုက်တယ်ဆိုတာမသိရပေမယ့် စုန့်ရှီးဟန်ကရှက်သွားပြီး သူမရဲ့မျက်နှာကမက်မွန်သီးမှည့်လိုနီရဲသွားသည်။ တခြားလူတွေရဲ့မျက်လုံးထဲမှာတော့ ဒါကထူးဆန်းနေသည်။

စုန့်ရှီးဟန် မျက်နှာကြီးနီကာရှက်နေသည်မှာ အရူးမကြီးနဲ့တူ၏။

ဖုန့်ယင်းက နဉ်ရှုရဲ့အကြည့်ကိုခံစားမိသွားသည်။ သူက ခေါင်းလှည့်လာကာ သူ့မျက်လုံးတွေကိုမသိမသာကျဉ်းမြောင်းလိုက်၏။

အိုင်း၊ သူ့ကိုကြည့်မိတော့ သူမ အသက်ရှူကြပ်သွားသလိုပဲ။ ထောင်ချင်းပြောတဲ့အတိုင်း ဒီကောင်ကချောလွန်းလို့ မြေခွေးဝိဉာဉ်လို့ထင်ရတယ်။

ဖုန့်ယင်းက သူမကိုကြည့်လာချိန်မှာ နဉ်ရှုတစ်ယောက် သူမအပေါ် ရေခဲရေတစ်ပုံးလောင်းချခံလိုက်ရသလိုခံစားလိုက်ရသည်။ သူမရဲ့ကိုယ်ကတောင့်တင်းသွား၏။

နဉ်ရှုက ဖုန့်ယင်းရဲ့နောက်ကို ကြောင်တောင်တောင်နဲ့ကြည့်နေလိုက်သည်။ သူမက ဖုန့်ယင်းရဲ့မျက်လုံးချင်းဆုံဖို့ငြင်းဆန်ကာ သူမ သူ့ကိုမမြင်ဘူးဆိုတာကို သက်သေပြလိုက်သည်။

အခု သူမ ရန်သူကို သတိပေးလိုက်လို့မဖြစ်ဘူး။

ဖုန့်ယင်းက ဂရုမစိုက်စွာဖြင့် အကြည့်ပြန်ရုတ်လိုက်ပြီး စုန့်ရှီးဟန်ဘေးမှာ မေးထောက်ကာထိုင်သည်။ သူက စုန့်ရှီးဟန်အလုပ်လုပ်နေတာကို ပျင်းရိပျင်းတွဲနဲ့ကြည့်နေပြီး သူ့မျက်လုံးတွေက အလိုလိုက်ချစ်ခင်မှုတွေနဲ့ပြည့်နေသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now