Chapter - 75

2K 274 18
                                    

Unicode

၁၅၂၉။ ဂိုဏ်းချုပ်ထောင်ချင်း
_________________

နဉ်ရှုက 2333ကိုပြောသည်။

"ထောင်ချင်းပြန်သွားပြီးတော့ ဘာဆက်ဖြစ်လဲဆိုတာ ငါကြည့်ချင်တယ်။"

"အိုကေ။"

2333ကပြောလာပြီး နဉ်ရှုရှေ့မှာ ဖန်သားပြင်တစ်ခုပေါ်လာသည်။

ထောင်ချင်းက မောင်တောင်ဂိုဏ်းချုပ်ရာထူးကိုဆက်ခံလိုက်တာကို နဉ်ရှုတွေ့သည်။ သူတော်စင်ဘုရားကျောင်းမှာ ကလေးတွေအများကြီးရှိတာကြောင့် ဘဝကဆိုးရွားနေဆဲဖြစ်၏။ ထောင်ချင်းနဲ့နည်းနည်းအသက်ကြီးတဲ့ကလေးတွေက သရဲနှင်ပြီးအခမ်းအနားတွေလုပ်ပေးရသည်။

သူတော်စင်ဘုရားကျောင်းကို ပြန်ပြုပြင်ထားပြီဖြစ်ပြီး သူတော်စင်သုံးပါးရုပ်တုနဲ့မောင်တောင်ရဲ့တည်ထောင်သူရုပ်ကိုလည်း ရွှေနဲ့ပြန်သွန်းလုပ်ထားသည်။ တောင်ခြေကရွာသားတွေက အမွှေးတိုင်ထွန်းညှိုပူဇော်ဖို့ သူတော်စင်ဘုရားကျောင်းဆီရံဖန်ရံခါလာတတတ်ကြသည်။

ပိုက်ဆံအပိုလေးနည်းနည်းကို အမွှေးတိုင်ထွန်းဖို့အတွက်လှူထားသည်၊ ဘာမှလှူမထားတာထက်စာရင်တော့ ကောင်းသေး၏။ ဝင်‌ငွေအများစုကို အပနှင်တာကနေရသည်။

မည်သို့ဆိုစေ ထောင်ချင်းရဲ့ဘဝက မကောင်းဆိုးရွားဝိဉာဉ်တွေကိုသုတ်သင်တာနဲ့ မောင်တောင်ရဲ့ပညာရပ်တွေကိုလက်ဆင့်ကမ်းပေးတာမှာပဲလည်ပတ်နေမည်ဖြစ်၏။

လူတိုင်းမှာ သူတို့ကိုယ်ပိုင်ရှင်သန်ဖို့လမ်းတွေရှိပြီး ထောင်ချင်းကတောါ သရဲတွေနဲ့ရင်ဆိုင်ဖို့ကံပါသည်။

ထောင်ချင်းကလည်း လက်မထပ်ချင်ပေ။ သူတို့ရဲ့မိန်းကလေးက နေ့ရှိသရွေ့သရဲလိုက်ဖမ်းနေပြီး ဝိဉာဉ်တွေကိုသုတ်သင်ဖယ်ရှားနေတာကို လက်ခံနိုင်တဲ့ယောက်ျားသားက နည်းနည်းသာရှိသည်။

ဒီတာဝန်က ထင်မထားမိတဲ့အောင်မြင်မှုလို့ပြောလို့ရသည်။ နဉ်ရှု စိတ်သက်သာရာရသွားမိ၏။

နဉ်ရှုက သိုင်းကျမ်းတစ်အုပ်ကိုဆွဲထုတ်လိုက်ပြီး ဂါထာတွေနဲ့ပညာရပ်တွေကိုမှတ်သားနေလိုက်သည်။ အကြောင်းအရာတွေကို သူမခေါင်းထဲမှာမှတ်ထားတာက အလုံခြုံဆုံးပဲ။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now