Chapter - 72

1.3K 277 8
                                    

Unicode

၁၅၂၆။ သူနဲ့တန်တယ်
________________

နဉ်ရှုက အပြုံးလေးဖြင့်ဆိုသည်။

"ဒါပေါ့။"

ပိုက်ဆံတွေယူလို့ရနိုင်နေမှတော့ ဘာလို့ အခွင့်အရေးကိုအလွဲခံရမှာတုန်း?

ရှဲ့ယိယွမ်က အတော်လေးစိတ်သက်သာရာရသွားပုံပေါ်ပြီး သူက နဉ်ရှုကို ရွှင်ပြစွာဆိုလာသည်။

"မင်း အလုပ်သမားတွေရဲ့အစားအသောက်ကို ဂရုစိုက်ပေးနိုင်ဖို့ ငါမျှော်လင့်တယ်။ စားစရာအတွက်ကျသင့်ငွေကို ငါ မင်းကိုပေးပါ့မယ်။"

"ကောင်းပြီလေ။"

နဉ်ရှုကခေါင်းငြိမ့်သည်။

"ဒါနဲ့ မင်းဆီမှာ မန္တန်စာရွက်တွေရှိလား? ငါ နည်းနည်းလောက်ဝယ်ချင်လို့။"

ရှဲ့ယိယွမ်ကမေးသည်။

နဉ်ရှုက သူမရဲ့အဝတ်အိတ်ထဲကနေ မန္တန်စာရွက်နှစ်ရွက်ထုတ်လိုက်သည်။

"နှစ်ထောင့်ငါးရာ။"

ရှဲ့ယိယွမ်က ဈေးလုံးဝမဆစ်ဘဲ ပိုက်ဆံတန်းချေလိုက်ပြီးထပ်မေးသည်။

"လူတွေကို သရဲမြင်ရအောင်လုပ်ပေးတဲ့ပစ္စည်းရောရှိလား? ကုမ္ပဏီကဝန်ထမ်းတွေနောက်ကပ်နေတဲ့သရဲတွေများရှိမလား ငါကြည့်ချင်လို့။"

"စုန့်ရှီးဟန်လိုကိစ္စမျိုးက အရမ်းရှားတယ်။"

နဉ်ရှုက မျက်မှောင်ကုတ်ကာဆိုသည်။

"ခဏခဏသရဲမြင်နေတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ နင် မလုပ်တာကောင်းမယ်။"

သူမတို့တွေက ကမ္ဘာတစ်ခုတည်းမှာနေထိုင်နေကြတာမဟုတ်လို့ ခဏခဏခိုးကြည့်လို့မရဘူး။

ရှဲ့ယိယွမ်ကခေါင်းကုတ်သည်။

"တကယ်တော့ မိန်းကလေးတစ်ယောက်နားမှာ မကောင်းတာတွေများရှိနေမလားလို့ ငါကြည့်ချင်တာ။"

နဉ်ရှုက ရှဲ့ယိယွမ်ကိုကြည့်လိုက်သည်။

"နင် ရည်းစားရပြန်ပြီလား?"

နောက်ထပ်မြင်မြင်ချင်းချစ်မိသွားပြီး ဒုတိယအကြိမ်ထပ်ကြည့်မိချိန်မှာ တစ်ဘဝလုံးအတူတူကုန်ဆုံးသွားချင်တဲ့မိန်းကလေးလား?

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now