Chapter - 31

1.5K 347 3
                                    

Unicode

၁၄၈၅။ ပြီးတော့ သူ့ရုပ်က...
______________________

နဉ်ရှုက မျက်နှာသေနဲ့သူ့ကိုယ်ပေါ်မှာမန္တန်စာရွက်တွေကပ်နေတာကိုမြင်တဲ့အခါ ရှောင်စီအကြောက်တရားကိုမခံစားမိဘဲမနေနိုင်တော့ချေ။

သူမလက်ထဲက နက်မှောင်လုံးဝန်းနေတဲ့ပုတီးစေ့ကြီးကိုမြင်ရင် ပိုလို့ပင်ကြောက်လာရသည်။ ပုတီးစေ့က မသိမသာတုန်ခါနေပြီး အင်အားကြီးတဲ့ရန်သူတစ်ယောက်ကိုရင်ဆိုင်နေရသလိုမျိုး ရှောင်စီ့ကိုခံစားရစေသည်။

သူသာဒီလိုဆက်လုပ်နေရင် သူ့ဝိဉာဉ်အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမှာသေချာသည်။

သရဲတွေပင် လူဆိုးတွေကိုကြောက်ကြပေသည်။

နဉ်ရှုက နည်းနည်းစိတ်မရှည်ဖြစ်လာပုံရသည်။

"ငါမေးတာ ဒါနောက်ဆုံးပဲ၊ ရှဲ့ယိယွမ်ဘာဖြစ်ခဲ့တာလဲ?"

ရှောင်စီက မျက်နှာမဲ့ကာသူမကိုစိမ်းစိမ်းဝါးဝါးကြည့်လာပြီး တွန့်ဆုတ်စွာဆို၏။

"အလောင်းဆီက စုန့်ရှီးဟန်ပိုင်တာပဲ။ အဲ့လူက သူ့အရည်အချင်းသူတောင်မသိဘူး။"

"သခင်ဖုန့်က စုန့်ရှီးဟန်ကို အလောင်းဆီတစ်ပုလင်းပေးပြီး အဲ့လူအပေါ်သုတ်လိုက်ရင် သူ သူမကိုထပ်ပြီးတွယ်ကပ်နေမှာမဟုတ်တော့ဘူးလို့ပြောလိုက်တယ်။ စုန့်ရှီးဟန်က အဲ့လူကြောင့်စိတ်ရှုပ်နေတော့ သခင်ဖုန့်ပြောတာကိုနားထောင်တာပေါ့။"

"အဲ့လူက သူ့မိသားစုကချမ်းသာတာနဲ့ သူလုပ်ချင်တာလုပ်လို့ရမယ်ထင်နေတယ်။ သူက သခင်ဖုန့်ခြေသည်းလေးနဲ့တောင်ယှဉ်လို့မရဘူး။"

"သခင်ဖုန့်က အရမ်းညှာလွန်းတယ်။ ငါသာဆို သူ့ကိုတန်းသတ်ပစ်မှာ။"

ရှောင်စီက ပြတ်သားစွာဆိုသည်။

နဉ်ရှု : ဟားဟားဟား...

နဉ်ရှုရဲ့စိတ်ထဲမှာ ထေ့ငေါ့စကားတွေနဲ့ပြည့်နေသည်။ ဖုန့်ယင်းပေါ်လာတာကြောင့်သာမဟုတ်ရင် အခုလောက်ဆို စုန့်ရှီးဟန်က ရှဲ့ယိယွမ်နဲ့အတူရှိနေဖို့များတယ်။

ရှဲ့ယိယွမ်မှာ လုံလောက်အောင်ကောင်းတဲ့နောက်ခံမရှိလို့လား?

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now