Chapter - 42

1.5K 286 2
                                    

Uincode

၁၄၉၆။ တဏှာကြောင့်
____________________

အလုပ်ဆင်းချိန်မှာ စုန့်ရှီးဟန်က သူမရဲ့ပစ္စည်းတွေကိုယူကာ ကုမ္ပဏီကနေထွက်သွားသည်။ နဉ်ရှုလည်း သက်ပြင်းချကာထွက်သွားလိုက်သည်။ ကုမ္ပဏီမှာလူမရှိတော့တဲ့ညအထိစောင့်ပြီးမှ သူမပြန်လာမယ်။

နဉ်ရှု အပြင်ကိုခြေချလိုက်မိချိန်မှာ အိမ်မှာ အလောင်းတစ်လောင်းလိုမျိုးအနားယူကုသနေရမယ့်ရှဲ့ယိယွမ်က စုန့်ရှီးဟန်ကိုစကားပြောနေတာကို သူမတွေ့လိုက်ရသည်။

စုန့်ရှီးဟန်ရဲ့အမူအရာက စိတ်မရှည်ဖြစ်နေတာသိသာပေမယ့် ရှဲ့ယိယွမ်ကတော့ အတော်လေးပျော်နေပုံရသည်။

နဉ်ရှုက သူမမျက်ခွံပေါ်မှာ နွားမျက်ရည်သုတ်လိုက်ပြီး စုန့်ရှီးဟန်ဘေးနားမှာရပ်နေတဲ့ဖုန့်ယင်းကိုကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က အနက်ရောင်အခိုးအငွေ့‌တွေနဲ့ဖုံးနေပြီး မျက်လုံးတွေက နီရဲနေကာ သူက ရှဲ့ယိယွမ်ကို ခပ်ဖွဖွပြုံးကာကြည့်နေသည်။

ဒါကိုမသိတဲ့ရှဲ့ယိယွမ်ကတော့ လက်ဆန့်ကာဖြင့် စုန့်ရှီးဟန်နဲ့လက်ချင်းဆွဲနှုတ်ဆက်ဖို့ကြိုးစားသည်။ သူက တို့ဖူးစားဖို့ အခွင့်အရေးယူချင်တာဖြစ်၏။

နဉ်ရှု : →_→

သူ အသက်ရှင်နေရတာကို အတော်ပင်ပန်းနေတာပဲ။ သူက သေတွင်းတူးစရာအသက်မကျန်တော့မချင်း သေတွင်းတူး‌တာကိုရပ်မှာမဟုတ်ဘူး။

သူ့ကိုကယ်ရတဲ့ဒုက္ခကို သူမ နောက်တစ်ခါမခံစားချင်တော့ဘူး။ သူသာ အဲ့ကိစ္စကိုထပ်ကြုံရရင် ကယ်ဖို့တောင်လိုမှာမဟုတ်ဘူး။ တစ်ခါတည်းပွဲပြီးသွားလိမ့်မယ်။

နဉ်ရှုက ရှဲ့ယိယွမ်ကိုအော်ခေါ်လိုက်သည်။

"ရှဲ့ယိယွမ်။"

ရှဲ့ယိယွမ်က သူ့လက်ကိုချက်ချင်းပြန်ရုတ်ကာ နဉ်ရှုကိုလှည့်ကြည့်သည်။

စုန့်ရှီးဟန်ကပါ နဉ်ရှုကိုလှည့်ကြည့်လာ၏။ သူမက နဉ်ရှုနဲ့ရှဲ့ယိယွမ်ကြားကဆက်ဆံရေးကိုခန့်မှန်းနေရင်း မျက်နှာက ဇဝေဇဝါဖြစ်နေသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now