Chapter 11

1.9K 404 17
                                    

{Zawgyi}

ဝမ်ရှောင်းမျယ်ဒိုင်ယာရီ : ငါဒါကို ဘယ်လိုပြောရမလဲ... *သက်ပြင်းချ*...

... Zombieတစ်ကောင်အနေနဲ့ ငါဝမ်းလျှောနိုင်သေးတယ်ဆိုတာ ဘယ်သူတွေးမိမှာလဲ...

ဝမ်ရှောင်းမျယ် သူ့ရဲ့အခေါင်းတွင်းမှာ လဲလျောင်းကာ တခူးခူးတခေါခေါနဲ့ ကျောက်စိမ်းခေါင်းအုံးလေးအုံးကာ တရေးတမောအိပ်နေတယ်။ သန်းခေါင်ယံအချိန်ရောက်တော့ ရင်းနှီးနေတဲ့ဝမ်းဗိုက်နာကျင်မှုနဲ့အတူ ရုတ်တရက်လန့်နိုးလာတယ်!

ရှုံ့တွနေတဲ့မျက်နှာနဲ့ ဝမ်ရှောင်းမျယ် ထထိုင်ကာ သူ့ဗိုက်ကို လက်နဲ့အုပ်ထားတယ်။

"မျန်တျန်း ဘာဖြစ်တာလဲ?" ဝမ်ဖုန်းကျင်က ဘယ်တုန်းကမှ မအိပ်ခဲ့ဘူး။ သူလဲလျောင်းတယ်ဆိုတာ ဒီတိုင်း ဟန်ပြသက်သက်ပဲဖြစ်တယ်။ ဒါကြောင့် နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ သူချက်ချင်းဆိုသလို တုန့်ပြန်လာတာ။

"ငါ ငါ ငါ... ထင်တာလေ ငါဝမ်းပျက်နေပြီလားလို့! ချီးပဲ! ဘာဖြစ်လို့ zombieတွေက ဒီလိုကြုံတွေ့နေရသေးတာလဲ?!" ဝမ်ရှောင်းမျယ် ဗိုက်ကိုဖိထားရင်း မျက်ရည်မထွက်ဘဲငိုတော့တယ် "မြန်မြန်လေး အခေါင်းအဖုံးကို ဖွင့်ပေးတော့!"

ဝမ်ရှောင်းမျယ် အပြင်ကိုထွက်ရဖို့ မစောင့်နိုင်တော့ဘူး။

အခေါင်းပွင့်သွားတဲ့အခါ ဝမ်ဖုန်းကျင်က မျက်မှောင်ကြုတ်ပြီး သူ့ကိုပြောလာတယ် "ဒါပေမယ့် မြေအောက်နန်းတော်ကြီးတစ်ခုလုံးမှာ သန့်စင်ခန်းတစ်ခုမှမရှိဘူးလေ"

ဝမ်ရှောင်းမျယ် "..."

အိုး ဟုတ်သားနော်၊ သူတို့သင်္ချိုင်းမျာ ဘယ်သူက အိမ်သာဆောက်ကြမှာလဲ။ မြေအောက်နန်းတော်ကြီးထဲမှာ ရှေးဟောင်းအိမ်သာတစ်လုံးဆောက်ဖို့ကို မပြောနဲ့အုံး၊ သင်္ချိုင်းကုန်းမှာ တကယ်ပဲ ဘယ်သူကအိမ်သာသုံးမှာလဲလို့?!

သူတို့တွေ မြေကြီးထဲမြှုပ်ထားပေးပြီးသား အခေါင်းပိုင်ရှင်က ညသန်းခေါင်အချိန်ကြီးမှာ အိမ်သာသွားချင်လို့ ထလာနိုင်တာပဲလို့ သူတို့ဘယ်လိုလုပ်ပြီး တွေးမိမှာလဲ?!

"အဲ့တာ... အဲ့တာဆိုရင် ဘယ်လိုလုပ်..." ဝမ်ရှောင်းမျယ် ငိုသာငိုချလိုက်ချင်တော့တယ်။ သူ့ဖင်လေးကို အုပ်ကာ ခြေထောက်တွေကို လိမ်ကျစ်ထားရတယ်။ လှပတဲ့မျက်နှာလေးက ရှုံ့မဲ့နေပြီ "ဘော့စ် တစ်ခုခုလုပ်ပေးအုံး!"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Onde as histórias ganham vida. Descobre agora