Chapter 15

1.8K 393 1
                                    


{Zawgyi}

သင်္ချိုင်းရဲ့ထွက်ပေါက်မှာ မြောက်မြားစွာသော ဆလင်ဒါပုံအလင်းတန်းလေးတွေက မြေပြင်ပေါ်ဖြာကျလို့နေတယ်။ ခုလေးတင် ဆံပင်ရှည်နဲ့မကောင်းဆိုးဝါးတစ်ကောင်က မောင်းထုတ်ထားတဲ့ လူအုပ်က သင်္ချိုင်းနံရံကိုမှီပြီး အမောဖြေနေကြတယ်။ သူတို့အားလုံး ဒဏ်ရာကိုယ်စီရထားပြီး တစ်ယောက်ကတော့ အကြီးအကျယ်ထိခိုက်ထားကာ သတိတောင်လစ်နေပြီး မြေပြင်မှာလဲလျောင်းနေရင်း အသက်ပြင်းပြင်းရှုနေရတယ်။

သူတို့တွေနဲ့အတူလိုက်ပါလာတဲ့ အမျိုးသားတစ်ယောက်က ဒူးတစ်ချောင်းထောက်ထားတယ်။ သူ့လက်ထဲမှာ ရှေးဟောင်းကြေးဓားတစ်ချောင်းရဲ့လက်ကိုင်ကို ကိုင်ထားပြီး သူ့ကိုယ်သူထောက်ထားဖို့ မြေပြင်ပေါ်စိုက်ထားရတယ်။ မကောင်းဆိုးဝါးဝိဉာဉ်တွေကို တွန်းလှန်နိုင်တဲ့ ရှေးဟောင်းဓားကြောင့်သာမဟုတ်ရင် ခုလေးတင်သူတို့ကိုတိုက်ခိုက်သွားတဲ့ ကြောက်စရာမကောင်းဆိုးဝါးကို မောင်းထုတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မကောင်းဆိုးဝါးရဲ့ပြန်ခုခံမှုကြောင့် သူ့ရဲ့ညီဖြစ်သူ ကျန်းပိုင်က ထောင်ခြောက်တံခါးထဲကျသွားတယ်။

သူ့လက်ချောင်းတွေနဲ့ မြေကြီးကို ဆုတ်ကိုင်ထားပြီး အေးစက်နေတဲ့မျက်နှာပေါ်မှာ သောကရောက်နေတဲ့အမူအယာတေတွ ပေါ်လွင်နေတယ်။

"အစ်ကိုကြီးနှစ် ရှောင်ကျူဇီကို ကုသပေးဖို့ နှောင့်နှေးနေလို့မရဘူး..." ဒဏ်ရာရနေတဲ့နောက်အမျိုးသားတစ်ဦးက စိတ်မရှည်စွာပြောလာတယ် "ဒါက သင်္ချိုင်းနန်းတော်ကြီးရဲ့အဝင်ပေါက်ပဲရှိသေးတယ် ကျွန်တော်တို့တွေ ဒီလောက်အန္တရာယ်များတာတွေ ကြုံနေရပြီ၊ ကျွန်တော်တို့လိုမျိုး လူနည်းစုလေးနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး... ဒီ့ထက်ကြာကြာနေမယ်ဆိုရင် ဘယ်လိုအရာတွေ ထွက်လာအုံးမလဲဆိုတာ မသိနိုင်ဘူး"

ကျန်းမုလို့ခေါ်တဲ့ အစ်ကိုကြီးနှစ်က မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ် "အဲ့တာဆိုရင် ငါတို့က ကျန်းပိုင်ကို ဒီမှာသေတဲ့အထိ စောင့်နေခိုင်းရမှာလား?"

"... ကျွန်တော်ဆိုလိုတာ အဲ့လိုတော့မဟုတ်ပါဘူး ဒါပေမယ့်..." ဒါပေမယ့် ဒီနန်းတော်ကြီးက အရမ်းအန္တရာယ်များလွန်းတယ်၊ ထောင်ခြောက်တံခါးကနေပြုတ်ကျသွားရင် အသက်ရှင်နိုင်ပါအုံးမလား?!

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now