Chapter- 43

696 124 9
                                    


{Zawgyi}

ကန်လိုက်ပြီးတဲ့နောက်မှာ ဘော့စ်ဝမ်က ဝမ်ရှောင်းမျယ်ရဲ့ခေါင်းကို အသာပုတ်ကာပြောလာတယ် "မင်း မြင်တယ်မှတ်လား? မင်းလုပ်ရမှာ ဒါလေးပဲရှိတယ်"

"..."

ဝမ်ရှောင်းမျယ်ခမျာ အမှိုက်ပုံးထဲကနေ ခြေထောက်နှစ်ချောင်းထောင်ထွက်ကာ ရုန်းကန်နေရရှာတဲ့လူကို ဘာမှပြောစရာစကားတောင်မရှိဘဲ ကြည့်နေမိတော့တယ်။

ရယ်စရာကောင်းတာက အမှိုက်ပုံးပေါ်မှာ 'ပြန်လည်အသုံးပြု၍မရသော အမှိုက်'ဆိုပြီး ရေးထားတာပဲဖြစ်တယ်။

ဆရာကြီးတိုက်ပွဲတစ်ခုလို့ထင်ခဲ့ပေမယ့် သူက လက်အောက်ငယ်သားတစ်ယောက်သာ ဖြစ်နေခဲ့တယ်။

သူ့ကျေးဇူးကြောင့်ပဲ ဝမ်ရှောင်းမျယ် တစ်နေကုန် ထိတ်လန့်ခဲ့ရတယ်။

"ငါတို့ သူ့ကို ဘယ်လိုလုပ်ကြမလဲ? သူက ငါတို့ဘယ်သူဘယ်ဝါဆိုတာ သိနေပြီ"

"အရေးမပါတာ၊ သူက ဒီတိုင်း သာမန်လူတစ်ယောက်ပါကွာ ကိုယ်တို့ဘယ်သူဆိုတာ သူ တကယ်သိနေတာမျိုးလည်း မဟုတ်ဘူး သူ့လက်ထဲကပစ္စည်းကလည်း အရုပ်တစ်ရုပ်သာသာပဲရှိတာ" ဝမ်ဖုန်းကျင်က ပြုံးနေပေမယ့် သူ့မျက်လုံးတွေကတော့ လွတ်အောင်ကြိုးစားရုန်းကန်နေတဲ့ ဆူဆူညံညံလူကိုသာ အေးတိအေးစက် စိုက်ကြည့်နေတယ်။

"သူ့လို သိမ်နုပ်တဲ့အရည်အချင်းနဲ့များ ကိုယ်တို့ကို ရန်လာစရဲသေးတယ်၊ ကြည့်ရတာ ဒီအတောအတွင်းကာလတွေမှာ အတော့်ကို ငြိမ်းချမ်းနေခဲ့တာဖြစ်မယ်"

"အဲ့တော့ ငါတို့တွေ သူ့ကို ဒီတိုင်းကြီးထားပစ်ခဲ့မှာလား?" ဝမ်ရှောင်းမျယ်တစ်ယောက် မိုးပေါ်ထောင်နေတဲ့ ခြေထောက်တွေကို ရှင်းပြရခက်တဲ့ ခံစားချက်နဲ့သာ ကြည့်နေမိတယ်။

"အင်း"

"သွားစို့"ဝမ်ဖုန်းကျင်က ဝမ်ရှောင်းမျယ်ရဲ့ပုခုံးပေါ်လက်တင်ကာ အမှိုက်ပုံးနဲ့ဝေးရာ လမ်းကြားလေးထဲက ထွက်လာလိုက်တယ်။

သူတို့ခြေသံတွေ အမှိုက်ပုံးနဲ့ နီးကပ်သွားချိန်မှာ ခြေထောက်တွေက တောင့်တင်းသွားပြီး လေထဲမှာ လှုပ်ယမ်းနေရာက ရပ်တန့်သွားတယ်။ သူတို့ လမ်းကြားလေးထဲက ထွက်သွားချိန်မှသာ ခြေထောက်ကကျသွားပြီး သက်ပြင်းချသံတစ်ခု သိသိသာသာ ကြားလိုက်ရတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now