Chapter 42

3.1K 378 43
                                    


{Zawgyi}

နောက်တစ်နေ့တွင်ဖြစ်သည်။ အခုကစပြီး ကိစ္စတွေက ပိုကောင်းလာဖို့ပဲရှိတော့တယ်လို့ ထင်ခဲ့မိတဲ့ ဝမ်ရှောင်းမျယ်တစ်ယောက် သူကသာ တအားအကောင်းမြင်ခဲ့မိပါလားဆိုတာကို သတိပြုမိလိုက်တယ်။

အကြောင်းပြချက်တွေကတော့ အောက်ပါအတိုင်းဖြစ်တယ် :

ဝမ်ရှောင်းမျယ် : "'ဒီနေ့ ငါတို့တွေ ခေတ်မှီတဲ့လူ့အသိုင်းအဝိုင်းထဲ ဘယ်လိုဝင်ဆံ့အောင်လုပ်ရမယ်ဆိုတာကို သင်ယူကြမယ်၊ အခုခေတ်ကာလက မြောက်ပိုင်းအင်ပါယာခေတ်တုန်းကနဲ့ မတူတော့ဘူး၊ ငါတို့တွေက ငြိမ်းချမ်းရေးရပြီး လုံခြုံနေကြပြီ... တစ်ခုခုဖြစ်လာမလားဆိုပြီး စိတ်ပူစရာမလိုတော့ဘူး၊ အလွန်ဆုံးရှိလှ လူကျပ်တဲ့ဘတ်စ်ကားပေါ်မှာ မင်းခြေထောက်ကို တစ်ယောက်ယောက်က တက်နင်းမိတာမျိုး ဒါမှမဟုတ်လည်း လမ်းဘေးမှာ အမူးသမားတစ်ယောက်နဲ့ ရန်ဖြစ်တာမျိုးလောက်ပဲ ရှိတော့မယ်"

ဝမ်ဖုန်းကျင် :  ̄へ ̄

ဝမ်ရှောင်းမျယ် : "ဟုတ်တော့ဟုတ်တာပေါ့ တစ်ခါတစ်လေတော့လည်း မင်းရဲ့လက်ကိုင်ဖုန်း အလုခံရသလို အရေးပေါ်ကိစ္စလည်း ရှိလာနိုင်တယ်၊ အဲ့လိုဖြစ်ပြီဆိုရင် ဖုန်းကျင် မင်း ဘေးထွက်နေမယ်လို့ ငါ့ကို ကတိပေး... မင်းဆီက ရိုက်ချက်တစ်ချက်နဲ့တင် သူ့ရဲ့ဦးခေါင်းခွံ နှစ်ခြမ်းကွဲသွားပြီး ဘေးနားကကြည့်နေတဲ့သူတွေပါ သူ့ဦးနှောက်ကို ကြည့်သွားရလိမ့်မယ်"

ဝမ်ဖုန်းကျင် :  ̄へ ̄

ဝမ်ရှောင်းမျယ် : "နောက်ပြီးတော့လည်း ငါတို့ရဲ့စွမ်းရည်တွေကို ဖုံးကွယ်ထားရမယ်! ပြီးရင် ငါတို့တွေ ကောင်းတဲ့ကိစ္စတွေ လုပ်ရမယ်! Systemလိုမျိုးဟာ ထပ်ပေါ်လာမှာကို ကာကွယ်ဖို့အတွက် ငါတို့တွေ လူသတ်လို့မဖြစ်ဘူး၊ အမ်း... တကယ်လို့ တစ်ယောက်ယောက် ပြဿနာတက်နေတာကိုမြင်ရင် လုပ်သင့်တဲ့ကိစ္စက ရဲကိုဖုန်းခေါ်တာပဲ"

ဝမ်ဖုန်းကျင် :  ̄へ ̄

"ဘယ်လိုရုပ်ဖြစ်နေတာလဲ? တကယ်ပဲ ဘာပြောချင်နေတာလဲ?!!" ဝမ်ရှောင်းမျယ်လည်း သူ့ကိုဆက်ပြီး သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးနဲ့ စားပွဲကို လက်သီးနဲ့ထုချလိုက်တော့တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now