Chapter 23

2.2K 501 62
                                    

{Zawgyi}


ဝမ်ရှောင်းမျယ် ခေါင်းတလားကြီးထဲမှာ လဲလျောင်းကာ ခေါင်းတလားထဲက ဘေးနံရံတွေပေါ်က အကွေ့အကောက်လက်ရာတွေကို ကြည့်နေမိတယ်။ ခြေကားယားလက်ကားယားနဲ့ မျက်လုံးတွေကလည်း တောင်စဉ်ရေမရဖြစ်နေတယ်။ သူ့အဝတ်အစားတွေကလည်း စုတ်ဖြဲခံထားရ‌ပြီး အထဲက တုံးလုံးဖက်ထုပ်လေးကို လှစ်ပြထားသလိုဖြစ်နေတယ်။

သူ့ခန္ဓာကိုယ်ပေါ်က ခေါင်းအစခြေအဆုံး ဟိုတစ်စဒီတစ်စ စတော်ဘယ်ရီအမှတ်အသားတွေကလည်း တက်တူးထိုးထားသလို။

ဝမ်ရှောင်းမျယ် : ... ငါ ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ဖက်ထုပ်လိုမျိုးတောင် ဖြစ်သွားတော့မလို့!

ပြီးတော့ တရားခံက သူ့ရဲ့ရဲရဲတောက်အနီရောင်ဝတ်ရုံအောက်ပိုင်းကိုသာ ဝတ်ဆင်ထားပြီး ခေါင်းတလားထောင့်နားလေးမှာ ထိုင်နေတယ်။ သူ့ရဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့ နောက်ကျောကြွက်သားတွေနဲ့ မှင်လိုဆံနွယ်ရှည်ကြီးတွေက ဝမ်ရှောင်းမျယ်ကို မျက်နှာမူနေတယ်။ သူ့ရဲ့လက်ချောင်းတွေနဲ့ ခေါင်းတလားပေါ်ကိုခေါက်ကာ ရှေးဟောင်းသံစဉ်တစ်ခုကို ညည်းနေတယ်။

ခပ်ရှင်းရှင်းပြောရရင် သူသိပ်ကိုစိတ်ကြည်နေတယ်ပေါ့!!!

ဝမ်ရှောင်းမျယ် သူ့ရဲ့အနှစ်သာရမရှိ ဖရိုဖရဲပုံစံကိုကြည့်ပြီးနောက် ခါးမှာနာကျင်မှုမရှိ... ပုခုံးတွေနာကျင်မှုမရှိဖြစ်နေတဲ့ အူမြူးနေတဲ့ခွေးတစ်ကောင်ရဲ့နောက်ကျောကို စိုက်ကြည့်လိုက်တယ်!

သူ့ထဲမှာ မနာလိုတိုရှည်ဆိုတဲ့ မီးတောက်သေးသေးလေးတစ်ခု လောင်မြိုက်နေတယ်။

သူ အံကို တင်းတင်းကြိတ်ကာ လှမ်းခေါ်လိုက်တယ် "ရှောင်ဝမ်းကျစ်..."

"Hm?" ဝမ်ဖုန်းကျင် လှည့်လာကာ ဝမ်ရှောင်းမျယ်ကို မျက်လုံးတောင်ကန်းသွားနိုင်လောက်အောင် တောက်ပတဲ့အပြုံးကြီးပြုံးပြတော့တယ်။

ဝမ်ရှောင်းမျယ် "..." 'ဘော့စ်ရယ် ဒီလောက်တောင် ပျော်နေတာလား? ခင်ဗျားရဲ့ဇာတ်ကောင်ဒီဇိုင်းက ယိုယွင်းနေပြီနော်!!!'

ဝမ်ဖုန်းကျင် ထိုင်နေရာမှ ထရပ်လိုက်တယ်။ ခေါင်းတလားဘေးမှာ ဒူးထောက်လိုက်ပြီး ဝမ်ရှောင်းမျယ်ရဲ့ပါးကို အစွမ်းကုန်ချစ်မြတ်နိုးဟန်နဲ့ လှမ်းထိလိုက်တယ်။ သူ့ရင်ဘတ်ထဲတောင် ပစ်သွင်းလုနီးပါးဖြစ်သွားတာ။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now