❤️27❤️(Part2)

51.3K 4.1K 1.7K
                                    

ဝုန်းးးးးးး

ဆောင့်ကန်ခံလိုက်ရသောထမင်းစားစားပွဲသည်
အကုန်ပျက်ဆီးကာ ပန်းကန်ကျကွဲသံများဖြင့်
ချက်ချင်းဆူညံသွားသည်။
ရုတ်တရက်မို့ လန့်သွားသော ဆိုင်သူလေး
သည်ပူနေတဲ့ကြားက နောက်သို့ဆုတ်သွားခဲ့ရသည်။
မျက်လုံးလေးတွေဝိုင်းစက်နေလျှက်။

မောင်ကသိပ်ကြောက်စရာကောင်းသော
မျက်လုံးတွေနဲ့ အတူ မကောင်းသောဝိဉာဉ်
တွေပူးကပ်လာသည့်ပုံစံ။

အလွန်ပြိုပျက်နေသောမျက်နှာဖြင့်
မောင်သည် ဆိုင်သူလေးဆီခပ်မြန်မြန်လျှောက်
လာတော့ တော်တော်လေးပူလွန်းတာ
ကြောင့်ဟန်တောင်မဆောင်နိုင်
အရည်လဲ့နေသောမျက်လုံးလေးတွေနှင့်
မော့ကြည့်လာတဲ့သူ....။

"ပူ...တယ်.....Jung...kook..."

အသံတိုးတိုးသေးသေးလေးကြောင့်မောင်
တစ်ကိုယ်လုံးပေါက်ကွဲထွက်တော့မလို...
လက်သီးတွေဆုပ်သွားခဲ့သည်။

"တောက်!!!!!!!!!"

"နင်တို့အကုန်အသေပဲ....ခုထွက်ပြေးချင်ရင်
ပြေးထားလို့ရတယ်...ငါစီရင်တဲ့အချိန်ကျရင်တော့
တစစီ ဖြစ်ပြီသာမှတ်..."

အိမ်တော်ထိန်းကြီးပင်ဒူးတုန်ရလောက်တဲ့အထိ
ပြင်းထန်လွန်းသော မောင့်လက်ညိုး
မောင့်မျက်လုံး မောင့်အသံသည်
တကယ်လုပ်မှာဆိုတာ လုံးဝအသေအချာ။

"မတော်....တဆ......ပါ....သခင်.လေး....ဟို..."

"အေး....ငါလည်းမတော်တဆ
နင်တို့အကုန် လုံးကိုရေနွေးပူထဲထည့်ပြုတ်ပေးမယ်
စီစဉ်ထားလိုက်....!!!!"

ကလေးတစ်ယောက်လို နာသွားတာရယ်
လန့်သွားတာရယ်ကြောင့်ငိုမဲ့မဲ့ဖြစ်နေသော
မီးတောင်လေးကို ကောက်ချီတော့
ခါးကိုခြေထောက်လေးတွေချိတ်လာခဲ့သည်။

နည်းနည်းနောနောထိတာမှမဟုတ်တာ...
ရင်ဘက်တွေ လက်ဖျားတွေ ခြေဖျားတွေ
မျက်နှာအထိ တက်မစင်လို့....။
မျက်နှာသာထိကြည့် အကုန်တန်းသတ်ပစ်မည်။

အိပ်ခန်းထဲသို့ချီခေါ်လာကာ ရေချိုးခန်းထဲ
ပြေးဝင်ပြီးအကျီတွေဆွဲချွတ်လိုက်တော့
မောင် သွေးတွေဆူတော့သည်။

မောင်Where stories live. Discover now