Episode-3

5K 517 38
                                    

♡Unicode version♡

နံနက်ခင်းဝေလီဝေလင်းအချိန်မှာပတ်ဝန်းကျင်ကမလင်းတလင်း။မနေ့ကမိုးရွာထားသည့်အရှိန်နဲ့မြေသင်းနံ့တို့ကကြိုင်ကြိုင်ကိုသင်းလို့။အိပ်ရာနိုးတာနဲ့ကိုယ်လက်မသန့်စင်ရသေးခင်လုပ်နေကျအလုပ်တစ်ခုလိုစာကြည့်စားပွဲနားကပြတင်းတံခါးတွန်းဖွင့်ပြီးမြောက်ပြန်လေလတ်လတ်ဆတ်ဆတ်ကိုတဝကြီးရှူသွင်းလိုက်တယ်။

"ဟင်းးး!..."

ခေါင်းလေးမော့ မျက်လုံးမှိတ်ထားရာမှအိမ်ရှေ့လမ်းကြားစီကြည့်မိတော့မိုးဖြိုင်ဖြိုင်ရွာသွန်းခဲ့တာကြောင့်ရေအိုင်လေးတွေဟိုတကွက်သည်တကွက်။ပြတင်းတံခါးမှတဆင့်လှမ်းမြင်နေရသည့်mainလမ်းမကြီးကလည်းထို့နည်းတူပင်စိုစွတ်လျှက်။

လတ်ဆတ်သည့်လေ​ကြောင့်လန်းဆန်းသွားသည့်ခန္ဓာကိုယ်နဲ့အတူ အဝါရောင်ထီးလေးပိုင်ရှင်ကြောင့်တက်ကြွလာသည့်ရိပေါ်စိတ်အစဥ်။ခပ်မြန်မြန်ပဲစောင်ပုံထဲလက်နှိုက်ကာမိမိ၏ပုလင်းဖင်မျက်မှန်ကိုရှာရဖွေရနှင့်။ခြေပစ်လက်ပစ်အိပ်တတ်သည့်ရိပေါ်အကျင့်က ကိုယ်ပေါ်မမြဲသည့်ပစ္စည်းမှန်သမျှအိပ်ရာထဲဟိုဟိုဒီဒီပြန့်ကျဲနေတတ်တာမျိုး။

*ခလောက်!*

ဖရိုဖရဲခြုံစောင်ကြီးကိုခါထုတ်လိုက်မှကြမ်းပေါ်ပြုတ်ကျလာသည့်မျက်မှန်ထူထူဝိုင်းဝိုင်းတစ်ခု။အိပ်ရာလည်းသိမ်းမနေတော့ပဲမျက်မှန်ကောက်တတ်ပြီးတာနဲ့ရေချိုးခန်းထဲ ကဆုန်ပေါက်ဝင်သွားလိုက်တယ်။

ရေမိုးချိုးကျောင်းဝတ်စုံလဲပြီးတာနဲ့ကုတင်ပေါ်တင်ပျဥ်ခွေထိုင်ပြီးစာကြည့်စားပွဲပေါ်တင်ထားသည့်မှန်ဝိုင်းသေးသေးလေးရှေ့မျက်နှာတိုးကပ်ကာဦးခေါင်းထိပ်ကဆံစုလေးကိုအကျအနစည်းနေသည်ကနာရီဝက်ခန့်။ထူးထူးခြားခြားနေ့ဟုသတ်မှတ်ပြီးခါတိုင်းလိုဖြစ်သလိုမဟုတ်ပဲရိပေါ်ခေါင်းစည်းကြိုးကဒီနေ့အဝါဖျော့ဖျော့လေး။

စိတ်ကျေနပ်လောက်အောင်ပြင်ဆင်ပြီးမှချစ်စရာမျက်နှာလေးကိုဟိုသည်လှည့်ပတ်ကြည့်ပြီးနှဖူးဆက်ကဆံနုလေးတွေကိုလည်းလက်ညှိုးနဲ့အသာသတ်လိုက်သေးတယ်။ပြီးတာနဲ့ညကတည်းအချိန်ဇယားအလိုက်အဆင်သင့်ထည့်ထားပြီးသားကျောပိုးအိပ်လေးကောက်လွယ်ကာအောက်ထပ်ဆင်းလာသည်ကမြောက်ကြွကြွ။

LOVE ME,OK![Complete]Where stories live. Discover now