Episode-19

3.8K 423 40
                                    

♡Unicode version♡


"အာ့!...ဟင့်!..."

ရှောင်းကျန့်ရင်ခွင်ထဲမှကောင်လေးညီးညူသံသဲ့သဲ့ကမချိမဆန့်နိုင်လှတာအမှန်။စူးစမ်းလိုစိတ်နဲ့ကျောင်းသားတွေဝိုင်းအုံလာတာမို့ကောင်လေးကအတင်းထိန်းချုပ်ထားရင်းအောက်နှုတ်ခမ်းတွေအတင်းဖိကိုက်ထားတယ်။

"စီနီယာ!...ရိပေါ်အဆင်ပြေပါ့မလား..."

"ဟအင်း!...ကောင်လေးကိုသူတို့ecstasy(စိတ်ကြွဆေးပြား)ကြွေးထားတယ်..."

"ဟာ!..."

မျက်လုံးတွေပြူးကျယ်ကုန်သည့်ဖေရှီးပုံစံကထိုအရာကိုသိနေသလို။ရှောင်းကျန့်ခေါင်းတချက်ငြိမ့်ပြလိုက်ပြီးကောင်လေးကိုပွေ့ချီလိုက်တယ်။

"အရင်ဆုံး ဒီကထွက်ရအောင်ဖေရှီး!..."

ရှောင်းကျန့်ပြောတော့ဖေရှီးကကြမ်းပြင်ပေါ်ကျနေသည့်ရိပေါ်ကျောပိုးအိပ်ကိုကောက်ယူလိုက်ရင်း နဘေးကဟိုသကောက်သားတကောင်ကိုခြေဦးနဲ့ပိတ်ကန်လိုက်သေးတယ်။

"ခွေးသားတွေ!!!..."

*ဒုတ်!*

ထို့နောက် ဝရုန်းသုန်းကားလဲကျနေသည့်ထိုသုံးကောင်ကိုဆရာတွေနဲ့အပ်ထားခဲ့ကာဖေရှီးလမ်းရှင်းပေးတဲ့အတိုင်းရှောင်းကျန့်ရိပေါ်ကိုပွေ့လျှက် အပြင်ထွက်လာလိုက်တယ်။

"ဟင်!...ရိပေါ်ကဘာဖြစ်..."

"အဆောင်အရင်ပြန်ရောက်ဖို့လိုတယ်ဖန်းဝေ!..."

အကြောင်းစုံမပြောအားတော့တာမို့စီမံခန့်ခွဲရေးအဆောင်ရှေ့မှာဆုံသည့်ဖန်းဝေကိုပင်ကျော်ကာအဆောင်ရှိရာသာသွပ်သွပ်လှမ်းရတယ်။ရှောင်းကျန့်ရဲ့ခြေလှမ်းကျဲကြီးတွေနောက်ဖန်းဝေနဲ့ဖေရှီးတို့မှာလည်း ထပ်ကြပ်မခွာလိုက်ပါကြရတော့တယ်။

"အိ!..."

"ခဏလောက်ထိန်းထားပေးနော်!..."

ရင်ဘတ်နားမျက်နှာဝှက်လျှက်လက်မောင်းတွေကိုကုတ်ခြစ်လာသည့်ကောင်လေးကိုချော့မြူရင်းရှောင်းကျန့်ခြေလှမ်းတွေမြန်သထက်မြန်လာတယ်။စီမံခွဲခန့်ခွဲရေးအဆောင်နှင့်ယောက်ျားလေးကျောင်းဆောင်ဘက်ကအဝေးကြီးမဟုတ်လို့သာတော်တော့သည်။5မိနစ်နဲ့အဆောင်ပြန်ရောက်သွားပြီးအခန်းထဲကကုတင်ပေါ်ကောင်လေးကိုအသာချပေးလိုက်တယ်။

LOVE ME,OK![Complete]Where stories live. Discover now