Episode-20

4.4K 467 65
                                    

♡Unicode version♡


"ရိပေါ်ကမင်းသူငယ်ချင်းနော်...ဒီအခြေနေမှာရှောင်းကျန့်နဲ့အခန်းထဲနှစ်ယောက်တည်းရှိနေတာကို မင်းဘာလို့စိတ်ချနေနိုင်ရတာလဲ..."

ထွေပြားနေသည့်ဖေရှီးစိတ်အစုံကနဘေးမှစကားတွေမနားတမ်းတွတ်ထိုးနေသည့်ဖန်းဝေကြောင့်ခပ်ချဥ်ချဥ်ရယ်။မျက်မှောင်တွေတွန့်ကျုံ့ပြီးဘုကြည့်ကြည့်ပြန်တော့လည်းအမြင်ကတ်စရာမကောင်းသည့်ထိုလူ့မျက်နှာချောချောကြောင့်ကိုယ်တိုင်သာရှိန်းဖန့်ဖန့်ဖြစ်သွားရသည်ပင်။

"အနည်းဆုံးတော့...စီနီယာကခများလိုရိပေါ်ကိုလူပုံအလယ်မှာအရှက်ခွဲမယ့်လူမျိုးတော့ဟုတ်မနေဘူးလေ...ကျွန်တော့်သူငယ်ချင်းကိုစီနီယာနဲ့ပိုစိတ်ချတာဆန်းသလားဗျာ!..."

ဖေရှီးရဲ့တုံ့ပြန်စကားကြောင့်ဖန်းဝေရန်မတွေ့ခင်နင်သွားရတယ်။အမှန်အကန်တွေနဲ့သာထိုးနှက်လာသည့်ကောင်စုတ်လေးကိုသူတောင်းပဲတောင်းပန်ရမလား ရှင်းပဲရှင်းပြရမလား ယောင်နနနဲ့အတည်လမ်းပျောက်တယ်။

"အာ!...အဲ့ကိစ္စက ဒီတိုင်းမရည်ရွယ်ပဲ..."

"စီနီယာ!..."

"ရှောင်းကျန့်!..."

စကားမဆုံးသေးခင် အခန်းထဲကထွက်လာသည့်ရှောင်းကျန့်ကိုမြင်လိုက်သည်မို့ဖန်းဝေဆိုလိုရင်းမရောက်လိုက်။ဖြစ်ချင်တော့၈နာရီလုံးလုံး အဆောင်ရှေ့ကော်ရစ်တာမှာနှစ်ယောက်အတူရှိနေခဲ့သည်ကို ထိုကိစ္စအဖို့ ကောင်စုတ်လေးကယခုမှစကားစလာသည်လေ။

"ရိပေါ်အဆင်ပြေရဲ့လားစီနီယာ!..."

"အင်း!...သူအရမ်းပင်ပမ်းနေလို့ ပြီးတာနဲ့တန်းအိပ်သွားတယ်..."

ရှောင်းကျန့်အဖြေစကားကြားမှဖေရှီးကဟူးခနဲလေပူတွေမှုတ်ထုတ်လိုက်ပေမဲ့ဖန်းဝေကတော့ရှောင်းကျန့်ပွေ့ထားသည့်စောင်ပုံကြီးကိုကြည့်ပြီးခေါင်းနပန်းကြီးချင်သွားတယ်။ဒီ ဒီကောင်ရှောင်းကျန့် ဘယ်လိုဖြေရှင်းပေးလိုက်လို့ ရိပေါ်က...

"ဟေ့ရောင် ဖန်းဝေ...မင်းအကြည့်တွေငါသိတယ်...လျှောက်မတွေးနဲ့ မင်းထင်နေသလိုမဟုတ်ဘူး!..."

LOVE ME,OK![Complete]Where stories live. Discover now