Episode-16

4.2K 463 58
                                    

♡Unicode version♡



//ကိုယ်ဒီမနက်tutorialအချိန်ရှိလို့အရင်သွားနှင့်လိုက်တယ်နော်၊ရေဗူးလေးကိုတော့နေ့လည်စာကြည့်တိုက်မှာအကိုရှိမှာမို့ကောင်လေးကလာပို့ပေးနော်//

အစိမ်းရောင်ရေဗူးပေါ်ကစာရွက်ပိုင်းလေးကိုဆွဲခွာလိုက်ရင်းအိပ်ရာကမထသေးပဲလူးလိမ့်နေမိတယ်။ဉာဏ်များလွန်းသည့်အကိုကြောင့်လည်းနှုတ်ခမ်းထက်အပြုံးရေးရေးလေးချိတ်ထားလျှက် ရိပေါ်ရဲ့မနက်ခင်းလေးကသာသာယာယာ။

ချစ်သူဖြစ်ပြီးနောက်ပိုင်းရိပေါ်တို့အခန်းရှေ့ချောင်းပေါက်မတက်ဖြတ်လျှောက်တတ်လာပြီဖြစ်သည့်ရှောင်းကျန့်။ဘယ်နေရာသွားသွားထင်းလင်းနေတတ်သည့်အကို၊ခရီးသွားအသင်းမှတဆင့်တစတစပြန်ကြားရသည့်သတင်းတချို့ကြောင့်အတန်းထဲကကျောင်းသူအများစုကရိပေါ်ကိုဆိုသိပ်မကြည်။ထိုအထဲ အလီနာတို့သူငယ်ချင်းအုပ်စုကအဆိုးဆုံးဖြစ်ကာ ရှောင်းကျန့်အတန်းရှေ့ဖြတ်လျှောက်တာမြင်တိုင်းရိပေါ်ကိုစောင်းလိုက်ချိတ်လိုက် စကားတွေကရှုတ်ရှုတ်ချချ။

ထိုအချင်းအရာတွေကြောင့်ရိပေါ်ကပဲအကို့ကိုအတန်းဘက်ခဏခဏမလာဖို့ပြောထားရတယ်။အကိုကဘဝင်မကျပေမဲ့ နေ့လည်ခင်းစာကြည့်တိုက်မှာဆုံဖြစ်အောင်ရေဗူးပို့သည့်တာဝန်ယူပြီးအကို့ကိုလာတွေ့ပါ့မယ်ဆိုမှကျေနပ်သွားရှာတယ်။တရားဝင်မဟုတ်သေးပါပဲ silent relationshipဖြစ်နေတာတောင် အကို့လိုလူကိုဆိုင်ခွင့်ရသည့်ရိပေါ်အတွက်ပတ်ဝန်းကျင်ကတကယ့်ကိုအကျပ်အတည်းဖြစ်စရာပါပဲ။

အိပ်ရာထ မျက်နှာသစ်ပြီးတိုင်း ရေခွက်လေးထဲထောင်ထားသည့် အနီရောင်သွားတိုက်တံလေးနဲ့အစိမ်းရောင်သွားတိုက်လေးနှစ်ခု ယှဥ်တွဲရှိနေသည်ကိုကြည့်ရင်းနောက်တကြိမ်ထပ်ပြုံးမိတယ်။တကယ်ဆိုဒီအခန်းလေးထဲမှာ အကိုနဲ့အတူနေဖြစ်ခဲ့တာ ကျောင်းစာသင်နှစ်တဝက်ပင်ပြည့်ရော့မည်။အမြဲလိုလို နှစ်ခုဖြစ်နေတတ်သည့်အသုံးဆောင်တွေကိုခုမှသတိထားကြည့်မိသလို အခန်းလေးကလဲ ခုချိန်မှပိုပြီးနွေးထွေးနေတယ်။အကို့ဘက်ကဖွင့်လှစ်ပြခဲ့မှုဟာ ရိပေါ်နှလုံးသားတစုံလုံးအကို့ပေါ်တွယ်တာမှုတွေဖုံးလွှမ်းဖို့လုံလောက်နေတော့တာ။

LOVE ME,OK![Complete]Where stories live. Discover now