Episode-33

2.9K 294 59
                                    

♡Unicode version♡



"သက်သာခါစနားနားနေနေ နေဆိုတာကို ဒီကောင်လေးနဲ့တော့..."

ကျွန်းစားပွဲလေးပေါ်သံပုရာဖျော်ရည်ခွက်ချပေးရင်း sofaမှာခြေချိတ်ထိုင်လို့laptopတစ်လုံးနဲ့အလုပ်များနေသည့်ရှောင်းကျန့်ကြောင့် ရှောင်းမားကငြူစူသလိုပြောလာတယ်။ဆေးရုံဆင်းတာမှ24နာရီမပြည့်သေး သူမ သားကအလုပ်နဲ့လက်မပျက်ရှိနေသည်ကိုး။

"ကျွန်တော်အများကြီနေကောင်းနေပါပြီ...မားတားနေလို့သာ...ကျွန်တော့်အခြေနေက အလုပ်သွားမယ်ဆို သွားလို့ရနေပါပြီ..."

သံပုရာရည်တစ်ငုံယူသောက်ပြီးရှောင်းကျန့်ကအလုပ်ဆက်လုပ်တယ်။ကုမ္ပဏီမသွားရသည့်တစ်ရက်နှစ်ရက်မှာတောင် အလုပ်တွေတောင်လိုပုံနေသည်မို့ ရှောင်းကျန့်နဲနဲတော့ခေါင်းကိုက်မိတယ်။အတွင်းရေးမှူးကိုလက်လွှဲလုပ်ခိုင်းလို့ရပေမဲ့ ကိုယ်တိုင်ကိုယ်ကျလုပ်ရတာလောက် စိတ်ကျေနပ်တာမဟုတ်။

"သားအလုပ်လုပ်တာလဲလုပ်ပေါ့...ဒါမဲ့ ညနေကျရင် ဂျူရီလေးကိုကျောင်းကသွားကြိုလာပေးရမယ်နော်...ဂျူရီက မားလက်ရာနန်းကြီးသုပ်စားချင်လို့တဲ့လေ..."

ရှောင်းမားစကားကြောင့် စဥ်းစားဟန်ရှောင်းကျန့်ကမျက်လွှာတချက်ပင့်ကြည့်လာတယ်။နာခံကြောင်းခေါင်းတချက်ငြိမ့်ပြပေမဲ့ လိုလားဟန်တော့ရှိမနေ။

"သားတို့စေ့စပ်ပွဲကိုနောက်လလောက်လုပ်ဖြစ်မယ်ထင်တယ်...ဂျူရီတို့ဘက်ကလည်းသားကိုအတော်သဘောကျပုံပဲ..."

အလုပ်လုပ်နေပေမဲ့ မနှစ်မျို့သည့်စကားတို့ကြားနေရသည်မို့ ရှောင်းကျန့်laptopပိတ်ပြီးမတ်တပ်ထရပ်လိုက်တယ်။မားတို့သဘောထားကိုမငြင်းမိပေမဲ့ သူသဘောတူကြည်ဖြူပါတယ်လို့ တခါမျှမပြောမိသေးဘူးမလား။

"ကျွန်တော် ဂျူရီနဲ့ပတ်သပ်ပြီးလေ့လာစရာလေးရှိသေးလို့...စေ့စပ်ပွဲနောက်ဆုတ်ထားလို့ရမလား..."

"ဂျူရီဆိုတာအဘက်ဘက်ကပြည့်စုံနေတဲ့မိန်းကလေးပဲသားရယ်...ဘာတွေထွေထွေထူးထူးလေ့လာစရာရှိလဲ...ပြီးတော့ မားတို့က ပြောပြီးဆိုပြီး..."

LOVE ME,OK![Complete]Where stories live. Discover now