♡Unicode version♡
နေ့လည်ခင်းသောင်ခုံထက် အရိပ်ရသည့်နေရာတွေမှာခရီးသွားအသင်းကကျောင်းသားတွေဟာသူ့အဖွဲ့နဲ့သူဟိုတစုဒီတစုနေ့လည်ဆာစားနေကြပြီး တချို့ကတော့ကမ်းစပ်မှာရေကစားနေကြတယ်။ရှောင်းကျန့်တို့အဖွဲ့လည်းရွက်ဖျင်တဲလေးနဘေးမှာပဲအခင်းတွေခင်းပြီးနေ့လည်ဆာဝိုင်းဖွဲ့နေကြတယ်။
"အသားများများထည့်စား!..."
"ဟုတ်!..."
ဟိုတယ်ကလာပို့သည့်lunch boxတွေကိုအလည်မှာထားပြီးနေ့လည်ဆာစားနေသည့်တလျှောက်လုံးရိပေါ်ပန်းကန်ထဲအသားတွေတူနဲ့ညှပ်ထည့်ပေးနေသည့်ရှောင်းကျန့်။အကြောင်းသိသည့်ဖေရှီးကသူဘာသာနေ့လည်ဆာဆက်စားနိုင်နေပေမဲ့ဖန်းဝေတစ်ယောက်ကတော့အကဲပိုနေသည့်ရှောင်းကျန့်ကိုတလှည့်ကျေနပ်ဟန်ခေါင်းလေးငုပ်ပြီးနေ့လည်ဆာစားနေသည့်ရိပေါ်ကိုတလှည့်ကြည့်ပြီးမျက်ခုံးတန်းတွေတွန့်ကွေးကုန်သည်အထိအလိုတော်မကျဖြစ်နေရတယ်။ရိပေါ်စီမကြာခဏပို့လွှတ်နေတဲ့နူးညံ့လွန်းသည့်ရှောင်းကျန့်အကြည့်တွေကပဲဖန်းဝေရင်ထဲအစိုင်အခဲတခုလိုအခဲမကြေချင်။
"ရိပေါ် အသားတွေချည်းစားမနေနဲ့လေ...ရော့!...အရွက်ကြော်လေးစားကြည့်..."
"ကျေးဇူးပါဖန်းဝေကော!..."
မတင်မကျဖြစ်နေမှုကိုမသိမသာခြေဖျက်သည့်ဖန်းဝေ။ရှောင်းကျန့်ကစားနေတာရပ်ပြီးဖန်းဝေကိုအသာကြည့်လာတယ်။ရိပေါ်ကတော့ပန်းကန်ထဲပုံထားသည့်ဟင်းတွေကိုဟိုတို့စိဒီတို့စိနဲ့ဆက်စားနေတုန်း။ဖေရှီးကစားပြီးလို့သူတို့သုံးယောက်ကိုကျောပေးလျှက်ပင်လယ်ကိုငေးရင်းအအေးဗူးဖောက်သောက်နေတယ်။
"အအေးသောက်မလား..."
"ဟအင်း!...ရိုးရိုးရေပဲ..."
ရှောင်းကျန့်ကမေးပြီးတဲအတွင်းဝင်သွားတယ်။ပြန်ထွက်လာတဲ့အချိန်ရိပေါ်လက်ထဲထည့်ပေးလာသည်ကအစိမ်းရောင်ရေဗူးလေး။အကိုပြောပြထားလို့သိထားနှင့်ပေမဲ့ခုချိန်ထိမပျောက်မပျက်အကိုသုံးနေကျရေဗူးလေးကမိမိနဲ့သက်ဆိုင်သည့်အမှတ်တရပစ္စည်းလေးမှန်းသိရတော့အကို့မြတ်နိုးခြင်းတစကိုမြင်လိုက်ရသလိုရင်ထဲနွေးခနဲ။ရေတငုံသောက်လိုက်ပြီးအကို့စီရေဗူးလေးပြန်ကမ်းတော့တစ်ရှူးခေါက်လေးနဲ့အသင့်စည်းကြိုနေပြန်သည့်အကို။ထိန်းမနိုင်အောင်ပြုံးလိုက်မိသည့်ရိပေါ်ကြောင့်ဖန်းဝေမျက်နှာကနေ့ခင်းကြောင်တောင်မဲမှောင်လျှက်။

YOU ARE READING
LOVE ME,OK![Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This story is painting a beauty love of between senior and junior.Containing equal solution sweet and drama.This is "Love Me,OK!" //𝐃𝐞𝐚𝐫 𝐁𝐨 𝐁�...