Episode-13

4.3K 503 54
                                    

♡Unicode version♡

"ဖေရှီး!!!...ဖေရှီးရား!..."

သူငယ်ချင်းဖြစ်သူအားအသံတဆာဆာနဲ့အော်ခေါ်ရင်းခရီးဆောင်ကျောပိုးအိပ်လေးတရမ်းရမ်းနဲ့ကျောင်းပေါက်ဝအပြေးလေးသွားသည့်ကောင်လေးကိုကြည့်ရင်းရှောင်းကျန့်ကနှစ်လိုဖွယ်ပြုံးမိသွားပေမဲ့ကျောင်းကားနဘေးရပ်နေသည့်ဖေရှီးကိုမြင်တော့ဖန်းဝေကမျက်နှာအပျက်ပျက်နှင့်ပင်။ခရီးသွားအသင်းတစ်သင်းတည်းဖြစ်နေတာကြောင့်ရှောင်နေလို့လဲမရ။ပိုဆိုးတာက ဖေရှီးကရိပေါ်အချစ်ဆုံးသူငယ်ချင်း။ရိပေါ်သွားရာဖန်းဝေရှိချင်သလို ဖေရှီးကလည်းရိပေါ်အနားကခွာမည့်ပုံမပေါ်။

"ရိပေါ်!...ကိုယ်တို့နဲ့ပဲတကားတည်းစီးလိုက်ပါလား..."

"ဟုတ်!..."

ခရီးသွားအသင်းကပထမနှစ်ကနေနောက်ဆုံးနှစ်ထိစုပေါင်းခရီးထွက်ရပေမဲ့လူသိပ်မများတာမို့expectကားနှစ်စီးဆိုရင်ပဲခရီးထွက်ဖို့လုံလောက်သည်။ရှောင်းကျန့်ကရိပေါ်ကိုခေါ်ပြီးကားပေါ်အရင်တက်သွားတာမို့ဖန်းဝေနဲ့ဖေရှီးလည်းနောက်ကလိုက်တက်လာလိုက်တယ်။အခုချိန်ထိမျက်နှာချင်းမဆိုင်ရသေးသည့်နှစ်ယောက်ကရှက်ကြောက်နေသည်လား စိတ်ဆိုးနေသည်လားမသဲကွဲ။

ဖေရှီးကားပေါ်အရောက် အနောက်ဘက်ကျကျနှစ်ခုံတွဲထိုင်ခုံမှာနေရာယူထားပြီဖြစ်သည့်ရှောင်းကျန့်နဲ့ရိပေါ်ကြောင့်လူကနည်းနည်းတော့အိုးတိုးအမ်းတန်းဖြစ်သွားရတယ်။အမှန်ဆို ရိပေါ်နဲ့ထိုင်ခုံနေရာယူသင့်တာသူမဟုတ်ဘူးလား။ရိပေါ်ကိုကြည့်တော့လဲရှောင်းကျန့်ကောနဲ့ကားမှန်တွေကြားထိုင်ရင်းခေါင်းငုပ်ပြီးငြိမ်နေတာမို့စောဒကတက်မနေတော့ပဲလွတ်နေသည့်ဘေးကခုံမှာသာဝင်ထိုင်လိုက်တယ်။

"မင်းကျောပိုးအိပ်ဖယ်ပေးဦး!..."

ရင်းနှီးနေသည့်အသံကြောင့်မျက်လုံးတွေမှိတ်ထားရာမှဖွင့်ကြည့်မိတော့ထိုင်ခုံမရသေး၍လျှောက်လမ်းကျဥ်းကျဥ်းမှာမတ်တပ်ဖြစ်နေသည့်ဖန်းဝေ။ကိုယ်တခြမ်းကြွပြီးတခြားနေရာလွတ်တွေလျှောက်ကြည့်ပေမဲ့တကယ်လည်းလူပြည့်နေတာကြောင့်ထိုင်ခုံပေါ်တင်ထားသည့်ကျောပိုးအိပ်ကိုဖယ်ပေးလိုက်တယ်။ဟိုတနေ့ကကိစ္စကို အစပြန်ဖော်မလာဖို့မျှော်လင့်ရတာပဲ။

LOVE ME,OK![Complete]Where stories live. Discover now