Episode-38

4K 354 61
                                    

♡Unicode version♡

[Noti:This part is mature contact⚠,©_©]

"ကူညီပေးလို့ကျေးဇူးပါပဲနော်အကို!..."

"ရတယ်ညီလေး...ဒါဆိုအကို့ကိုခွင့်ပြုပါဦး..."

"ဟုတ်ကဲ့!..."

နီနာ့ကိုhotelဝန်ထမ်းတစ်ယောက်အကူညီနဲ့အခန်းထဲသေချာသိပ်ထားခဲ့ကာရိပေါ်ပါအပြင်ပြန်ထွက်ခဲ့လိုက်တယ်။partyသို့ထိုအကိုပြန်သွားမှရိပေါ်ဖုန်းထုတ်ကြည့်တော့ည8ကျော်လောက်သာရှိသေး၏။အချိန်စောသေးပေမဲ့ လူကနည်းနည်းနုံးနေကာ partyကိုလည်းပြန်မသွားချင်တော့တာမို့ရိပေါ် မိမိအခန်းစီသာပြန်ခဲ့လိုက်တယ်။

ဝန်ထမ်းတွေအကုန်partyအတွင်း၌သာရှိသေးတာမို့ရိပေါ်အခန်းပြန်ရောက်ချိန် အခေါ်ဖော်လည်းပြန်ရောက်မလာသေးပဲ တစ်ယောက်တည်းပင်။အပေါ်ကဆင်စွယ်ရောင်suiteကိုချွတ်လိုက်ပြီး ကုတင်ပေါ်ကိုယ်တပိုင်းတင်ကာ ခဏလှဲနေလိုက်တယ်။ခဏနေမှ ရေလည်းမချိုးချင်သေးတာမို့ မနက်ပြန်ဖို့အတွက် အသုံးအဆောင်ပစ္စည်းတွေထသိမ်းဖို့လုပ်တယ်။

"အာ!...ပြန်မပေးရသေးဘူးပဲ..."

အဝတ်တွေlockerထဲစီထည့်နေရင်းလက်ထဲရောက်လာသည့်ဇီးညိုရောင်ကုဒ်အက်ျီကြောင့်ရိပေါ်ခပ်လေးလေးရေရွတ်လိုက်မိတယ်။တနေ့ညကရှောင်းကျန့်ခြုံပေးလိုက်သည့်ကုဒ်အက်ျီဖြစ်ပြီး လျှော်ပြီးမှပြန်ပေးဖို့ရိပေါ်စိတ်ကူးထားတာပင်။ခုတော့ရိပေါ်စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။သူ့အပေါ် ဘာခံစားချက်မှမရှိတော့သည့်အကို့အနားမှာ ရိပေါ်စိတ်အပင်ပန်းခံပြီးဆက်မနေလိုတော့။

အကိုဟာအကိုဖြစ်နေသရွေ့ရိပေါ်ချစ်နေဦးမည်ဖြစ်ပေမဲ့ ဒီအခြေနေနဲ့တော့မဟုတ်။မျှော်လင့်ရတာပင်ပန်းလာပြီဖြစ်သလို နီးဖို့ကြိုးစားရင်းအကိုမရည်ရွယ်ပဲပေးလာသည့်နာကျင်မှုတို့ကြောင့် သူတို့နှစ်ယောက်ဝေးသထက်ဝေးဖို့သာရှိ၏။မုန်းသွားမှာမျိုးမဟုတ်ပေမဲ့ ဒီထက်နာကျင်ခံစားရရင် ရိပေါ်ကိုယ်တိုင်အကို့အပေါ်နာကျည်းသွားမည်စိုးပါသည်။

ရိပေါ် ထိုသို့အဖြစ်မခံနိုင်ပါ။ဒီအခြေနေ ဒီအကွာဝေးမှာ အကို့အားနှစ်နှစ်ကာကာချစ်နေတုန်းလေး ဒီခံစားချက်လေးအတိုင်းသာ ရိပေါ်ဆက်ချစ်နေဖို့စိတ်ပိုင်းဖြတ်ပြီးပြီ။ဖေရှီးကလည်းပြန်လာပြီမို့ ရှောင်းကျန့်စီမှအလုပ်ထွက်ကာ ဖန်းဝေကောတို့စီမှာပင် အလုပ်ဝင်မယ် ရိပေါ်စိတ်ကူးတယ်။ဒါ ရိပေါ်ဦးနှောက်မှပေးပြီး ရိပေါ်နှလုံးသားမှဆုံးဖြတ်သည့် တာဝန်တစ်ခုလိုပင်။

LOVE ME,OK![Complete]Where stories live. Discover now