Episode-26

3.2K 352 44
                                    

♡Unicode version♡


First Date...ရင်ခုန်ကြည်နူးမှုတို့အား တပွေ့တပိုက်ကြီးကြုံဆုံရမည့်နေ့။ချစ်သူရည်းစားတွေကြားမှာအချိန်ကောင်းလေးတွေဖန်တီးယူတတ်ကြတဲ့နေ့တနေ့အဖြစ်သတ်မှတ်ကြတယ်။ဒါဟာရိုးရိုးရှင်းရှင်းလေးပါပဲ။အကိုဘက်ကစတင်တောင်းဆိုလာသည့်first dateဆိုတဲ့အရာကတော့ဖြင့် ရိပေါ်ရင်အစုံကို အဆုံးစွန်ထိလှုပ်ခတ်စေခဲ့ဒါပါပဲ။

"အင်း...အကိုလာခေါ်မယ်ပြောတယ်..."

[အံ့မယ်...တော်တော်ခရီးပေါက်နေကြတယ်ပေါ့လေ...]

"အဟိ...ဒီ ဒီလိုပါပဲဖေရှီးရ..."

တစ်ယောက်အိပ်မွေ့ယာထက်ပုံ့ပုံ့လေးထိုင်နေရင်းရိပေါ်ကhandphoneလေးနားနားကပ်လျှက်မခို့တရို့ရယ်ကာလက်သည်းထိပ်လေးတွေကိုတတိတိကိုက်တယ်။တဖက်ကဖေရှီးလှမ်းစရင်လည်းအလိုမကျသလိုခပ်သြသြလေးငြူစူပေမဲ့ ရှောင်းကျန့်စီမှအချစ်ခံရသည့်အကြောင်းကိုလည်းထုတ်မကြွားပဲမနေနိုင်ပြန်ဘူး။

ငယ်ချစ်ဦးမို့ရူးရတယ်ပြောမလား အချစ်ဆုံးမို့မူးရသည်ပြောမလား သေချာတာကတော့ အကိုဖြစ်နေရင် နေမမြင့်ပဲလဲ ရိပေါ်ခမျာ အရူးရင့်ရပါတယ်။

ဖေရှီးနဲ့ဖုန်းပြောပြီးတာနဲ့ စာကြည့်စားပွဲပေါ်ကဖက်လက်စစာအုပ်လေးစီအခြေပြန်ချမိတယ်။နှာရိုးပေါ်ကမျက်မှန်လေးကိုတချက်ပင့်တင်လိုက်ပြီးစာဖတ်ဟန်ဆောင်နေသည့်ရိပေါ်ကအတွေးတချို့နဲ့ပြုံးတုံးတုံး။

"မနက်ဖြန်တနေ့ ကိုယ်ကောင်လေးနဲ့ဒိတ်ချင်တယ်...လက်ခံမယ်မလား...ဟင်!..."

"ဟို..."

ပုခုံးနှစ်ဖက်ကိုဖွဖွစုတ်ကိုင်ရင်းနူးနူးညံ့ညံ့တောင်းဆိုနေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်ခေါင်းငုပ်လျှက်တဟိုဟိုတဒီဒီစကားစရှာမရဖြစ်နေမိတယ်။လက်ခံချင်ရဲ့နဲ့မူနေတာမဟုတ်ပါပဲ ရင်ခုန်ရလွန်းလို့ ကတုန်ကယင်ဖြစ်နေမိခြင်းသာ။

"ကောင်လေးစာကျက်ချိန်တွေအများကြီးဖဲ့မယူပါဘူး...မနက်ဖြန်တရက်လေးပါပဲ...ကိုယ်တို့တခါမှနှစ်ယောက်တည်းထွက်မလည်ဖူးသေးဘူးမလား...ပြီးတော့ကောင်လေးအတွက်လည်းrelaxဖြစ်တာပေါ့...မဟုတ်ဘူးလား..."

LOVE ME,OK![Complete]Where stories live. Discover now