♡Unicode version♡
၃နာရီတိတိလေ့ကျင့်ရေးဆင်းအပြီး စီနီယာတွေကဦးဆောင်လျှက်တန်းဖြုတ်စေပြီးအနားယူချိန်ပေးထားတယ်။ခြေပစ်လက်ပစ်အမောဖြေနေကြသည့်ကျောင်းသားကျောင်းသူတွေဟာမြက်ခင်းပြင်စိမ်းစိမ်းထက်ဟိုတစုဒီတစုခေါင်းချင်းဆိုင်တွတ်ထိုးလျှက်။ရိပေါ်လည်းဖေရှီးအပြင် ဖေရှီးအခန်းဖော်သူငယ်ချင်းတစ်ယောက်နဲ့သုံးယောက်သားမြက်ခင်းစိမ်းထက်ဝိုင်းထိုင်လိုက်ရင်းအမောဖြေနေရတယ်။၃နာရီကြီးတောင်ဆိုတော့အလေ့အကျင့်မရှိသည့်ရိပေါ်တို့အဖို့တကယ်ကိုရွှေရင်စို့စေတာပဲ။
"ဟူး!...မောတာကွာ...ရိပေါ် ဒါငါ့အခန်းဖော် section Cက ချန်းဝေ့တဲ့..."
မောပမ်းမှုကြောင့်နိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်ဘတ်ပေါ်ကအက်ျီစကိုလေအေးရရန်ခါထုတ်နေရင်းနဘေးကချန်းဝေ့ဆိုသည့်ကောင်လေးကိုမိတ်ဆက်ပေးလာသည့်ဖေရှီးကြောင့်ရိပေါ်အသိမှတ်ပြုသလိုပြုံးပြလိုက်တယ်။
"ဖေရှီးစီကရိပေါ်အကြောင်းတွေအများကြီးကြားထားပါတယ်...ငါ့ကိုလည်းဖေရှီးလိုပဲခင်မယ်မဟုတ်လားရိပေါ်..."
"အွန်း!...သူငယ်ချင်းထပ်တိုးလာတယ်ဆိုတော့ပိုပျော်ဖို့ကောင်းမှာပဲ...ဒါနဲ့ ဖေရှီးကငါ့အကြောင်းတွေဘာပြောထားတာလဲ..."
"အင်း!...ရိပေါ်ကဘယ်လောက်ထိခင်ဖို့ကောင်းတဲ့အကြောင်းတွေပေါ့..."
ချန်းဝေ့အဖြေအားသဘောတွေ့ဟန်ရိပေါ်ကကျေနပ်ပြုံးလေးနဲ့ဖေရှီးကိုတချက်စောင်းငဲ့ကြည့်တယ်။
"ပြီးတော့ ရိပေါ်ငိုရင်နှပ်တွေနဲ့ပေသလူးညစ်ပစ်နေရောတဲ့...နံနံပင်သာကြိုက်တာမျက်မှန်ပါဝါကဂိတ်ဆုံးတော့မယ်တဲ့..."
"ဟင်!...ဖေရှီး မင်း မင်း...ရားးး!..."
"အား!...အ!...ရိပေါ် မင်းလွန်မယ်..."
("ဟား!...ဟား!...ဟား!...")³
ကျောပြင်ကိုတဘုန်းဘုန်းထုလာသည့်ရိပေါ်ကြောင့်ဖေရှီးကရှောင်လည်းမရှောင်ပဲကျောကော့လျှက်အော်ရယ်တော့တယ်။နဘေးကချန်းဝေ့မှာလည်းရိပေါ်တို့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်းပါးစပ်စိမရတော့။

YOU ARE READING
LOVE ME,OK![Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This story is painting a beauty love of between senior and junior.Containing equal solution sweet and drama.This is "Love Me,OK!" //𝐃𝐞𝐚𝐫 𝐁𝐨 𝐁�...