Episode-39

4.2K 344 60
                                    

♡Unicode version♡




"ရှင် ကျွန်မကိုဘာလုပ်လိုက်တာလဲ!...ဘာလုပ်လိုက်တာလဲလို့!...အား!!!...စိတ်တိုလိုက်တာ!..."

သူမကိုဖက်တွယ်လျှက်အိပ်မောကျနေသည့်အမျိုးသားကိုထုကာရိုက်ကာ ဂျူရီကဒေါသတကြီးအော်ဟစ်ပါတော့တယ်။ထိုသူက သူမ၏လက်ရှိရည်းစားဖြစ်ပြီး ဂျူရီနှင့်အိပ်ရာထက်ပထမဆုံးနှင့်အကြိမ်ရေများစွာရောက်ဖူးသူပင်။

ဂျူရီဒေါသထွက်နေခြင်းက ထိုသူနှင့်နှီနှောခဲ့ရခြင်းကြောင့်မဟုတ်ပဲ ရှောင်းကျန့်အားလက်လွှတ်ခဲ့ရခြင်းကြောင့်သာ။ညကထိဂျူရီ့အစီစဥ်မှာ ကမ်းခြေထိလိုက်လာသည့်သူမရည်းစားအား တဖက်လှည့်နှင့်ချော့မော့ကာ ရှောင်းကျန့်စီပြန်သွားဖို့ပင်။သို့ပေမဲ့ ထိုအစီစဥ်မှာ မအောင်မြင်သည့်အပြင် မနက်လင်းထိ ထိုအမျိုးသားရင်ခွင်၌သာအိပ်စက်ခဲ့ရလေသည်။

သူမလက်ထဲရောက်လာသည့်အခွင့်အရေးမှာ မဖမ်းဆုတ်ရသေးခင် ကျပျောက်ခဲ့လေပြီ။ညက သူမရည်းစားလက်ချက်ဖြင့် သူမကိုယ်တိုင်ဆေးမိခဲ့သည်ထင်။ဂျူရီခေါင်းတခုလုံးမူးနောက်နေကာ ခန္ဓာကိုယ်ကလည်းအားမရှိသလို နွမ်းနွမ်းနယ်နယ်။သူမနဘေးမှ အပေါ်ပိုင်းအဝတ်လွတ်နေသည့်အမျိုးသားကို ဂျူရီစိတ်ရှိတိုင်းသာထုရိုက်နေပေမဲ့ အားမပါလှ။

"ရှင့်ကြောင့် ရှင့်ကြောင့်!...ကျွန်မအစီစဥ်တွေပျက်ကုန်ပြီ...အင့်!..."

"ဘာဖြစ်တာလဲကွာ...အရင်ကလည်းအိပ်နေကျကို...ဘာလဲ ကိုယ်ဆေးခပ်ပြီးယူလို့ ဟန်နီကစိတ်ကောက်တာလား...ညက ခါတိုင်းလိုမဟုတ်ပဲ ဟန်နီအတင်းငြင်းနေလို့ ကိုယ်ပါးပါးလေးရောလိုက်တာပါကွာ..."

ခပ်မျှင်မျှင်ပြောရင်းထိုအမျိုးသားက အဝတ်လွတ်နေသည့်ဂျူရီ့ပုခုံးတွေကိုဖိကပ်နမ်းနေပြန်တယ်။နှုတ်ခမ်းမွှေးရေးရေး မျက်ခုံးထူထူ နှာတံမြင့်မြင့်နှင့်ထိုအမျိုးသားက ဂျူရီ့အမြင်မှာ ရှောင်းကျန့်နှင့်မယှဥ်သာပေမဲ့ ချောသည့်ခန့်သည့်အမျိုးသားတစ်ဦးပင်ဖြစ်သည်။ကြွယ်ဝမှုမသေးသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဂျူရီ၏အပြစ်အနာဆာများကို မျက်ကွယ်ပြုထားပေးပြီး မျက်ကမ်းလိုနေပေးသည့်ယောက်ျားတစ်ယောက်။ထက်မြက်ပေမဲ့ ထိုသူဟာ ဂျူရီ့အတွက်နဲ့ တုံးယောင်ဆောင်နေခြင်း။

LOVE ME,OK![Complete]Where stories live. Discover now