Episode-34

3.2K 336 62
                                    

♡Unicode version♡


နှဖူးထက်ကဆံစတွေကိုဖွဖွဖယ်သပ်ပေးကာ ရမ္မက်အလိုကြောင့်နီရဲနေသည့်ရန်ဟေးထမ်မျက်နှာက ရိပေါ်ပါးပြင်တဝိုက်မှာနီးနီးကပ်ကပ်။ကြောက်စိတ်ကြောင့်တုန်ယင်နေသည့်ရိပေါ်နှုတ်ခမ်းတွေကိုငေးစိုက်ကြည့်ရင်း လက်တွေကရိပေါ်ရုံးဝတ်စုံလေးပေါ် ခပ်ရိုင်းရိုင်းကူးလူးလာတယ်။

ဗြိ!

"အင့်!..."

အကြမ်းအရမ်းဆွဲဖြဲခံလိုက်ရသည့်ရိပေါ်ကိုယ်ပေါ်ကရှပ်ဖြူဖြူလေး။ပုခုံးတဝိုက်လစ်ဟသွားမှုကြောင့် ထင်းခနဲပေါ်လာသည့်ညှပ်ရိုးလေးတွေကြောင့် ရန်ဟေးထမ်ပုံစံကပိုပြီးကြောက်ဖို့ကောင်းလာသလို။

"ကယ်ပါ...ကယ်ပေးပါ...အီး...ဟီး...ဟီး...အာ့!..."

လည်တိုင်နဲ့ပုခုံးကြား နမ်းရှုံ့ရန်တိုးကပ်လာသည်မို့ရိပေါ်အသံကုန်အော်ငိုမိတော့ လည်တိုင်းတဝိုက်ဖြစ်ညှစ်လာသည့်လက်တွေ။အသက်ရှူရခက်လာသလို လှုပ်ဖို့ခွန်အားမရှိသည့်တိုင် ရိပေါ်ခြေဖျားလေးတွေတွန်းထိုးရုန်းကန်နေမိတော့တယ်။ထိုထက်အချိန်ကြာလာရင် ရိပေါ်အသိစိတ်တွေလွတ်ကာ မေ့မျောသွားဖို့သာရှိတယ်။

ဒေါက်! ဒေါက်! ဒေါက်!

"မန်နေဂျာရန် အထဲမှာရှိနေတာလား..."

"အင့်!...ကျွန်တော့်ကို ကယ်...အာ့!..."

အခန်းပြင်မှလူသံကြောင့်ရိပေါ်ပိုရုန်းမိကာ ရန်ဟေးထမ်ကပျာယာခတ်စွာတုံနှီဘာဝေ။ဝန်ထမ်းကောင်လေးကိုသူသေချာနှုတ်ပိတ်ခဲ့တာတောင် ဘယ်လိုလူက ဒီအထိလိုက်လာရဲတာလဲ။

"ခများအထဲမှာရှိနေတာကျွန်တော်သိတယ်...ခုချက်ချင်း တံခါးလာဖွင့်ပေးပါမန်နေဂျာရန်!..."

အထဲမှအသံတချို့မပီမပြင်ကြားနေရသည့်တိုင် တံခါးလာမဖွင့်ပေးသေးတာမို့ရှောင်းကျန့်စိတ်တိုဒေါသထွက်လာသလို ရုံးစားပွဲမှာမရှိသည့်အလုပ်သင်ကောင်လေးဝမ်ရိပေါ်အတွက်ပူပင်မိတာအမှန်ပင်။ရန်ဟေးထမ်နဲ့ဝေးတဲ့sideဘက်ကိုထိုကောင်လေးကိုပို့ဖို့သူအစကတည်းကစီစဥ်နေခဲ့တာ ဒီလိုတွေစိတ်ပူရမှာစိုးလို့။

LOVE ME,OK![Complete]Where stories live. Discover now