💔30💔(Part2)

47.8K 3.8K 1.6K
                                    

ကားပေါ်ကဆင်းလာကာ အိမ်ထဲပြန်ဝင်လာပြီး
အိမ်လည်ကောင်ရောက်တဲ့အခါ ငုတ်တုတ်
ထိုင်ချလျှက်မျက်နှာတွေကိုအုပ်ချလိုက်သည်။
ဘာတွေကိုစိတ်ဆင်းရဲပြီး ဘယ်ကစစိတ်ညစ်ရမှန်း
တောင်မသိတော့..။
ခန္ဓာကိုယ်တစ်ခုလုံးသည် အလုပ်ကြမ်းမလုပ်ရဘဲ
ခြေကုန်လက်ပန်းကျနေကာလှေကားပေါ်ပင်
သေချာမတက်နိုင်တော့ အဖေကလှမ်းကြည့်လာသည်။
အခန်းဆီခက်ခက်ခဲခဲသွားကာ ညဝတ်အကျီ
မြန်မြန်လဲလျှက် အိပ်လိုက်မှဖြစ်လိမ့်မည်။

ပြင်းထန်လှသောအစွဲတစ်ခုတွင်ဇာတ်သိမ်းတဲ့အခါ
ရင်ကွဲနာကျစွာ သူစွန့်လွှတ်ပေးခဲ့ရတော့
မဟုတ်ပါဘူး ငြင်းပါတယ်ဆိုရင်းနဲ့ပဲ
နောက်ဆုံးအတူတူထွက်ပြေးကြတာကို
မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတော့ ထိုအတိတ်၏
ကျိန်စာတွေ ဆုတောင်းတွေ၏သက်ရောက်မှု
ကြောင့်ဘယ်လောက်ခင်းပြပြ ရှင်းပြပြ
မောင်က နောက်ဆုံးမှာ သူ့အနားကထွက်ပြေးသွားမှာပဲ
ဆိုတဲ့ စိတ်ဝိညာဉ်အစွဲသည် ဆိုင်သူလေးကို
မထင်မှတ်လောက်အောင်လွှမ်းမိုးထားသည်။

ကောင်းကင်ပြာလေးကဘယ်လ်ိုပဲ မေတ္တာတရားတွေ
ချစ်ခြင်းတရားတွေထည့်ကာစိုက်ကြည့်ကြည့်
ငြိုးထားခဲ့သော အမျက်တရားသည်
ကြီးမားလွန်းတာကြောင့် ခုထိကိုမမြင်နိုင်။
ကောင်းကင်ပြာလေး၏
မျက်လုံးတွေကိုမြင်ရင်ကို ဓားတန်းလန်းနဲ့
မျက်စိရှေ့တွင်သတ်သေသွားခဲ့သော
အထွတ်အမြတ်လေး၏ ပုံစံသည်
ဆက်ဆက်ခါအောင်နာရဆုံး နိဂုံး.....။

စောင်ကိုတစ်ကိုယ်လုံးလုံအောင်ခြုံလိုက်ကာ
ဝမ်းနည်းလာလွန်းလို့ကွေးကွေးလေးနေလိုက်သည်။

မျက်တောင်ရှည်တွေကလေ မောင့် ကြည်ဖြူမှု
တွေရဖို့ ဘဝတိုင်းလွယ်ကူခဲ့ပေမယ့််
ဆိုင်သူလေး တည်ဆောက်ခဲ့ရတာကျစက်စက်ကျ
နေတဲ့ နှလုံးသွေးတွေနဲ့ အသဲခိုက်အောင်နာခဲ့ရတဲ့
ရိုက်ချက်တွေနဲ့....ကျိန်စာတွေနဲ့....။

TaeHyung ပြောခဲ့သောစကားတွေကိုပြန်
ကြားယောင်လာပြီးလည်းတုန်လှုပ်လာပြန်သည်။
ဟုတ်လား မဟုတ်လား ပူထူနေတာကြောင့်
မစဉ်းစားနိုင်သေးပေမယ့် စိတ်မထင်လို့ညစ်ပတ်ပြီး
ပြောပြလိုက်ရင်ဘာတွေဖြစ်ကုန်မှာလဲ.....။
KimTaeHyung မျက်လုံးတွေက ပေါ့ပျက်တယ်လို့
အပေါ်ယံထင်ရပေမယ့် မပေါ့ဆတတ်ကြောင်း
Jimin အလိုလိုသိနေသည်။

မောင်Where stories live. Discover now