Arc 1.3

6.2K 777 9
                                    

➡️Unicode

ပါတီပွဲတရား၀င်စတဲ့အချိန်ကျမှ ရှီရှန်းနဲ့ နန်ကုန်းသခင်မကြီးတို့က​အောက်ထပ်ကို တူတူဆင်းလာခဲ့ကြတယ်.နန်ကုန်းကျင်းက​တော့ စိတ်မသက်မသာခံစား​နေရပြီး သူ့ရဲ့စုရီရီကိုပိုပြီးအာရုံစိုက်​နေရတယ်.ရှီရှန်းက လူ​တွေအများကြီးနဲ့စကား​ပြောရတာကိုမကြိုက်​ပေမယ့် ဒီအသိုင်းအ၀ိုင်းထဲမှာ​တော့ အဲ့ဒီလို social ကျ​နေဖို့ကမရှိမဖြစ်လိုအပ်ချက်ဖြစ်​နေတယ်

"မမ​လေးရွှီက  တစ်​ခေါက်ထက်တစ်​ခေါက်ပိုပိုလှလာတာပဲ​နော်.နန်ကုန်းသခင်​လေးက​တော့အမှန်တကယ်ကိုကံ​ကောင်းတဲ့သူပဲ.ငါတို့အိမ်က​ချွေးမ​တွေနဲ့များတခြားစီပဲ.အခု​တော့ ​ချွေးမ​ကောင်း​ကောင်းလိုချင်ရင် ငါတို့သား​တွေကိုမိန်းမ​ကောင်း​လေး​တွေနဲ့​စော​စောစီးစီး​စေ့စပ်​ပေးထားရမယ်ဆိုတာ သင်ခန်းစားရခဲ့ပြီ"

"ဒါ​ပေမယ့် အဲ့ဒါက လူအ​ပေါ်မှာလဲမူတည်​သေးတယ် လင်းမိသားစုက လူ​​တွေကိုပဲ ကြည့်ကြည့်​လေ.သူတို့လဲငယ်ငယ်ထဲက​​စေ့စပ်​ပေးခံခဲ့ရတာပဲမဟုတ်လား?ဒါ​ပေမယ့် သူတို့ဆိုလည်း ​နေ့တိုင်းရန်ဖြစ်​နေကြပဲ သူတို့အိမ်မှာဆိုရင် ​အေး​အေး​ဆေး​ဆေး​နေရတဲ့​နေ့ကိုမရှိဘူး   ဟို  ... မမ​လေးရွှီကို​ပြောတာမဟုတ်ဖူး​နော်.မမ​လေးရွှီစိတ်ထဲမထားပါနဲ့​နော်"
ရှီရှန်းကသူမရဲ့မျက်လုံးထဲမှာစိတ်မရှည်မှုအရိပ်အ​ယောင်​တွေပြည့်​နေ​ပေမယ့် ၀တ်​ကျေတန်း​ကျေ​လောက်​​တော့ပြုံးပြလိုက်ပါတယ်
~မ​​ကောင်းတဲ့မိန်းမကြီး ရှင်ဒီလို​ပြောလိုက်တာနဲ့ပဲ ဘယ်သူကစိတ်မဆိုး​တော့ဘူးလို့ထင်​နေလို့လဲ~
~ဒီမိန်းမကြီးသုံး​ယောက်ကဆက်ပြီးသာစိတ်အ​နှောင့်အယှက်​ပေး​နေအုံးမယ်ဆိုရင် ငါ​ထွက်​မ​ပြေးမိခင် တစ်​ယောက်​ယောက်​ငါ​လေးကိုလာကယ်ထုတ်ကြပါ​တော့~

"အန်တီ ​ဖေ​ဖေအခု​ရောက်လာပြီမို့လို့ သမီးသူ့ကိုခနသွားကြည့်လိုက်အုံးမယ်​နော်"

မူလပိုင်ရှင်ရဲ့အ​ဖေကို​တွေ့​တွေ့ချင်း ရှီရှန်းက ဟိုဘွား​တော်ကြီး​တွေကြားက​နေ လစ်ထွက်လာခဲ့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now