Arc 2.29

3.2K 411 9
                                    

Unicode

သူတို့ကုမ္ပဏီကနေထွက်လာခဲ့ကြတယ် ရှီရှန်းကဘာမှမပြောဘဲသူတို့ကိုကားဆီကိုသာခေါ်လာခဲ့ပြီးလုချင်ယွင်ကကားမောင်းတယ်
ကျန်းကျိန်ကျိန်ရဲ့အကြည့်တွေကလုချင်းယွင်ဆီကနေကိုမခွာနိုင်ဘူး
လိုင်းပေါ်မှာတွေ့တဲ့ဓာတ်ပုံတွေကအရမ်း၀ါး​နေလို့သူမသေချာမမြင်ရခဲ့ဘူးအဲ့ဒီဓာတ်ပုံတွေထဲမှာပါတဲ့သူကခန့်ညားတဲ့​ယောကျ်ားတစ်​ယောက်မယ်လို့ခန့်မှန်းမိ​ပေမဲ့ ကျန်းဝမ်ပါ​နေလို့သူမကအမြဲတမ်းလျစ်လျူရှုခဲ့တယ်
ဒါပေမဲ့အခုတော့သူမသူ့ကိုအပြင်မှာမြင်ဖူးပြီသူကတစ်ကယ်ကိုခန့ညားလွန်းတယ်ကျန်းယွမ်နဲ့သူ့ရဲ့ဇနီးက ကားရဲ့နောက်ခုံမှာထိုင်ပြီးတော့အကြည့်တွေဖလှယ်နေကြတယ်
နောက်ဆုံးမှာတော့မစ္စဝူ ကစပြီးတော့လူကြီးတစ်​ယောက်ကလူငယ်တစ်ယောက်ကိုစကားပြောတဲ့လေသံနဲ့ပြောလိုက်တယ်
"ရှောင်ဝမ်, မင်းအခုတလောစီးပွားရေးလုပ်နေတာဆို  .....ဘာလို့အိမ်ကို​တောင်ဖုန်းမဆက်တာလဲ
မင်းဦးလေးနဲ့ငါတို့ကမင်းကိုကူညီပေးနိုင်တာပဲလေ"
"ကျွန်မ မစ္စဝူကိုဒုက္ခမပေးချင်ပါဘူး"
ရှီရှန်းကစက်ဆုပ်ပြီးလှောင်ပြောင်တဲ့အသံနဲ့ပြောလိုက်တယ်
"မိုက်မဲလိုက်တဲ့ကလေး,မင်းငါ့ကိုဘာလို့အန်တီလို့မခေါ်တော့တာလဲ,ပြီး​တော့အိမ်ကိုဖုန်းဆက်တာကဒုက္ခပေးရာဘယ်လိုလုပ်ရောက်မှာလဲ...အရင်တုန်းက မင်းမိဘတွေဆုံးပါးသွားတုန်းကငါတို့ကပဲမင်းကိုစောင့်ရှောက်ခဲ့ရတာမဟုတ်ဘူးလား
အခုတော့မင်းကငါ့ကိုသူစိမ်းတစ်ယောက်လိုဆက်ဆံနေပြီလား"
မစ္စဝူရဲ့အသံကကျန်းဝမ်ကိုအရင်ကတကယ်ဘဲဂရုစိုက်ခဲ့တဲ့ပုံစံနဲ့ဝမ်းနည်းနေပုံဖြစ်နေတယ်
.ဒါပေမဲ့သူမရဲ့ဒေါသကြီးတဲ့မျက်လုံးတွေကသူမကိုသစ္စာဖောက်ပြီးစိတ်ထားအမှန်ကိုဖော်ပြနေတယ်

"မစ္စဝူ.မဟုတ်သေးပါဘူးကျွန်မမိဘတွေရဲ့အသက်အာမခံငွေတွေကိုရှင်တို့ပဲအပိုင်သိမ်းသွားတာမဟုတ်ဘူးလား,စုစုပေါင်း၂သန်းလောက်နီးပါးရှိမယ်ထင်တယ်...ဟုတ်တယ်မလား, အဲဒီ​ငွေတွေကိုအဲဒီအတောအတွင်းကျွန်မကိုစောင့်ရှောက်ပေးတဲ့အဖိုးအခအနေနဲ့ပေးပြီးသွားပြီလေ"
မစ္စဝူကတိတ်သွားတယ်
အဲဒီတုန်းကပိုက်ဆံကြောင့်သာမဟုတ်ဖူးဆိုရင်သူမကျန်းဝမ်ကိုအိမ်တောင်ခေါ်ထားမှာမဟုတ်ခဲ့ဘူး
"သိပ်ကောင်းတယ်ကျန်းဝမ်,မင်းကိုယ်မင်းအရမ်းတော်တယ်ထင်နေတာလား,ဟလား"လို့ကျန်းယွမ်ကသူ့ဇနီးဘက်ကနေကာပြောပေးလိုက်တယ်
"မင်းကိုပျိုးထောင်ပေးခဲ့ရတာပိုက်ဆံမကုန်ဖူးလို့များမင်းထင်နေတာလားအခုမင်းမှာပိုက်ဆံနည်းနည်းရှိနေတာနဲ့ပဲ မင်းရဲ့ဆွေမျိုးတွေကိုလျစ်လျူရှုထားပြီပေါ့လေ..မင်းအဖေကငါ့ကိုအကိုကြီးလို့တောင်ခေါ်ခဲ့တာ  မင်းကတော့အကြီးကိုလေးစားရကောင်းမှန်းတောင်မသိဖူး...မင်းအဖေသာဒီနေရာမှာရှိနေမယ်ဆိုရင်သူအတော်ကိုစိတ်ပျက်မိမှာပဲ"
"ဟဟ..မစ္စတာကျန်း..ရှင်ကျွန်မအတွက်ငွေဘယ်လောက်ပဲသုံးခဲ့တယ်ဆိုတာကျွန်မနဲ့ရှင်အသိဆုံးပါ,ရှင်ကျွန်မကိုဘယ်လိုမျိုးဆက်ဆံခဲ့တယ်ဆိုတာ သာအဖေသိရင်သူဒီညရှင့်ဆီကိုလာလည်တော့မှာပဲ"
ငါ့ကိုငတုံးများထင်နေလား.ငါနင့်ကိုကြောက်မယ်လို့များထင်နေလားမသိဘူးဒီလိုလူတွေကိုစကားတစ်လုံးတည်းနဲ့ဖော်ပြလိုက်မယ်
*လောဘသားတွေ*

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now