Arc 3.3

3.1K 384 1
                                    

Unicode

သေမင်းတမာန်​တောအုပ်ထဲမှာ ကျင့်ကြံဆင့်သိပ်မမြင့်တဲ့၀ိညာဥ်သားရဲ​တွေရှိတယ်
ဒါ​ပေမယ့် ရှီရှန်းရဲ့ *တိုက်ခိုက်​ရေး​လေ့ကျင့်မှု*​ကြောင့် သူတို့​တွေအကုန်​သေကုန်ကြတာပါပဲ
အဲ့ဒီ​နောက်မှာ​တော့ ရှီရှန်းက အနီ​ရောင်သစ်ပင်ကို ​သေ​သေချာချာစူးစမ်း​လေ့လာ​တော့တယ်
သစ်ပင်က ​အောက်က​နေအ​ပေါ် အတွင်းက​နေ အပြင်ထိ အလုံးစုံ နီရဲ​နေတယ်
ရှီရှန်းက ဘာလို့သစ်ပင်ရဲ့အတွင်းသားပါ အနီ​ရောင်ဖြစ်​နေတာကို သိရပါသလဲဆိုရင်​တော့ သူမကခုတ်ပစ်လိုက်လို့​ပေါ့
ဒီသစ်ပင်က ဇာတ်လမ်းတစ်​လျှောက် အ​ရေးကြီးတဲ့​နေရာမှာပါ၀င်တယ်ဆို​ပေမယ့် ရှီရှန်းက နည်းနည်း​လေးမှ ဂရုစိုက်မ​နေဘဲ ခုတ်ပစ်လိုက်တယ်
ဘာမှမထူးဆန်းဘူး​လေ!!!
ရှီရှန်းကသစ်ပင်ကိုခုတ်ပစ်လိုက်​ပေမယ့် ဘာရတနာမှထွက်မလာဘူး
'ငါ​လေးက အဓိကဇာတ်လိုက်မဟုတ်တာနဲ့ဘဲ ဘာပစ္စည်းမှထုတ်မ​ပေး​တော့ဘူး​ပေါ့  ​သက်မဲ့​တွေက​တောင်ဘက်လိုက်ကြတယ် ကြောက်စရာ​ကောင်းလိုက်တာ ! '
သစ်ပင် "......"
'အနည်းဆုံး​တော့ငါ့ကို တစ်ခုခုလုပ်ဖို့အချိန်​လေး​ပေးသင့်တယ်​လေ ဘယ်သူကနင့်ကို မြင်မြင်ချင်းသစ်ပင်ကိုခုတ်ခိုင်းလို့လဲ '
ရှီရှန်းက လဲကျ​နေတဲ့သစ်ပင်နီရဲ့ ပင်စည်​ပေါ်မှာထိုင်​နေပြီး ​ကောင်းကင်ကို​မော့ကြည့်ကာ ဇာတ်လိုက်​ကောင်​ပေါ်လာမယ့်အချိန်ကို​စောင့်​နေတယ်
သူမသိထားတဲ့အတိုင်းဆိုရင် ဇာတ်လိုက်နှစ်​ယောက်က ဒီ​နေရာမှာလာဆုံကြမှာဖြစ်တယ်
ဒါ​ပေမယ့် ရှီရှန်းက ကွန်ဖြူးရှပ် ရုပ်တုအဖြစ်​ပြောင်းသွားလုနီးပါ အကြာကြီး​စောင့်​နေခဲ့​ပေမယ့်  ဇာတ်လိုက်​ကောင်ရဲ့အရိပ်အ​ယောင်ကို​တောင်မမြင်ရဘူး
'​တောထဲမှာ အခြားအနီ​ရောင်သစ်ပင်​တွေရှိ​နေ​သေးတာများလား ငါနဲနဲ​လောက်သွားရှာကြည့်ရင်​ကောင်းမလား '
ရှီရှန်းကသစ်​တောထဲမှာ အတန်ကြာ​အောင်ပတ်ကြည့်​နေခဲ့​ပေမယ့် အခြားသစ်ပင်နီ​တွေကို မ​တွေ့ခဲ့ရဘူး
အဲ့ဒီအစား ၀ိညာဥ်သားရဲ​အချို့နဲ့​တော့ထပ်တွေ့ခဲ့ရ​သေးတယ်
ရှီရှန်းကသူတို့ကိုအ​သေသတ်ပြီး သစ်ပင်နီဆီပြန်လာတဲ့အခါမှာ​တော့
သစ်ပင်ပင်စည်နားမှာ လူတစ်​ယောက်လဲ​နေတာကို​တွေ့တယ်
'​အော် တရားမျှလွန်းတဲ့ ဇာတ်​ကြောင်းကြီးပါလား
ငါအရင်ထွက်သွား​ပေးပြီးမှသူကဒီကို​ရောက်လာမယ်​ပေါ့ ...ဟဟပဲရမယ် '
ရှီရှန်းက ယွီ​ရှောင်း​ထည့်ပေးလိုက်တဲ့ဓါးရှည်ကိုထုတ်ယူကာ လဲကျ​နေတဲ့လူရဲ့​နောက်​ကျောကို ထိုးစိုက်ပစ်လိုက်တယ်
*ရွှစ်*
"ရပ်လိုက်စမ်း"
အသံနှစ်သံကတစ်ပြိုင်နက်ထွက်လာတယ်
ပထမအသံက လူ့ခန္ဓာကိုယ်ကို ဓါးနဲ့ထိုးစိုက်လိုက်တဲ့အသံဖြစ်ပြီး ဒုတိယအသံက​တော့ မိန်းမတစ်​ယောက်ရဲ့​အေးစက်စွာ တားမြစ်လိုက်သံဖြစ်တယ်
ရှီရှန်းကသူမဓါးရဲ့ဦးတည်ရာကိုမ​ပြောင်းမလဲဘဲနဲ့ အသံပိုင်ရှင်ကိုလှည့်ကြည့်လိုက်တယ်
"အို..... ဂိုဏ်းတူညီမ​လေးယဲ့ပါလား..."
ယဲ့ချင်ချိုးက ဂိုဏ်း၀တ်စုံခရမ်း​ရောင်နဲ့ ချပ်၀တ်တန်ဆာကို ၀တ်ဆင်ထားတယ်
ခရီး​​​ထွက်လာရလို့သူမရဲ့ဆံပင်​တွေကရှုပ်ပွ​နေတယ်ဆို​ပေမယ့် မျက်နှာက​တော့ မြင်သူတကာ​ငေး​မော​လောက်​အောင်ကို ကြည်လင်ရှင်းသန့်​နေပြီး ​အေးစက်တဲ့အကြည့်​တွေက​တော့ ကြက်သီးထဖွယ်ဖြစ်တယ်
"ရှင်ဘာလုပ်​နေတာလဲ..."
ယဲ့ချင်ချိုးကရှီရှန်းကို​အေးစက်စွာ​မေးလိုက်တယ်
"လူသတ်​နေတာ​လေ...နင်မမြင်ဘူးလား..."
ရှီရှန်းက ဖြစ်သင့်တဲ့ကိစ္စကိုလုပ်​နေတယ်ဆိုတဲ့​လေသံနဲ့ ​အေး​အေး​ဆေး​ဆေး​ပြောလိုက်တယ်
ယဲ့ချင်ချိုး"........"
'ရှန်းရှူကဘာဖြစ်သွားတာလဲ လွန်ခဲ့တဲ့၁နှစ်ကနဲ့လုံး၀မတူ​တော့ပါလား...မဟုတ်မှလွဲ​ရော သူမရဲ့ခန္ဓာကိုယ်ကို​ရော တခြားတစ်​ယောက်ရဲ့၀ိညာဥ်၀င်​နေတာများလား '
ယဲ့ချင်ချိုးရဲ့မျက်လုံး​တွေကျဥ်း​မြောင်းသွားတယ်
"သူက ရှင်နဲ့ဘာရန်ငြိုးမှမရှိဘူး ..တကယ်လို့ရှင်သူ့ကိုသတ်လိုက်မယ်ဆိုရင်  ဂိုဏ်းရဲ့အပြစ်​ပေးတရားစီရင်မှုကိုခံရလိမ့်မယ် "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now