Arc 2.5

4.2K 516 13
                                    

➡️Unicode

ရှီရှန်းကသူမရဲ့အမှတ်စဥ်ကိုခေါ်လိုက်တဲ့အခါ အာရုံပြန်စိုက်လိုက်ပြီး ခါးကိုမတ်မတ်ရပ်ကာ အခန်းထဲကိုဝင်သွားလိုက်တယ်

အထဲမှာတော့ လူငါးယောက် ထိုင်နေကြပြီး အသက်​လေးဆယ်​လောက်ရှိမယ့်ဒါရိုက်တာကြီးကအလယ်မှာထိုင်​နေတယ်သူက သူလိုချင်တဲ့ပုံစံရ​အောင်သရုပ်​ဆောင်နိုင်တဲ့သူကိုမရ​သေးလို့ အလိုမကျဖြစ်​နေပုံ​ပေါ်တယ်.

ဒါရိုက်တာရဲ့နာမည်က စုန့်ဟန်ဖြစ်ပြီးတော့ ဂျီးများတဲ့လူကြီးတစ်ယောက်လို့လည်း ခေါ်ကြတယ်. အကြိမ်တစ်ရာကျော်ရိုက်ပြီးတာတောင် သူလိုချင်တဲ့ scene မရသေးဘူးဆိုရင် သရုပ်ဆောင်တွေကိုအကြိမ်ကြိမ်ပြန်လုပ်ခိုင်းလေ့ရှိတယ် .ဒါပေမဲ့ ဒါကကောလဟာလ တစ်ခုပဲဖြစ်ပြီးတော့ တကယ်ဟုတ်မဟုတ်ဆိုတာ ရှီရှန်းမသိဘူး.

စုန့်ဟန်ရဲ့ဂျီးများမှုကြောင့် သရုပ်ဆောင်နည်းနည်းကိုပဲအောင်မြင်အောင် လုပ်နိုင်တယ်.ဒီလောကမှာ ပြောကြတဲ့စကားရှိတယ် "မင်းသာ စုန့်ဟန်လက်အောက်မှာ ခနလေးပဲဖြစ်ဖြစ် သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင်တောင် မင်းရဲ့စွမ်းရည်တွေက သိသိသာသာတိုးတက်လာမှာသေချာတယ်"

"ဆရာတို့အားလုံး မင်္ဂလာပါ. ကျွန်မက ကျန်းဝမ်ပါ"

ရှီရှန်းကတိုးလည်းမတိုးလွန်း ကျယ်လည်းမကျယ်လွန်းတဲ့ ပုံမှန်အသံနဲ့ နှုတ်ဆက်လိုက်တယ်.

ဒိုင်လူကြီးတွေအကုန်လုံး ရှီရှန်းအသံကိုကြားတဲ့အခါ မော့ကြည့်လိုက်ကြတယ် .ရှီရှန်းကို ခနလောက်အကဲခတ်ပြီးတော့ မှတ်ချက်တွေပေးလိုက်ကြတယ်.သူတို့ထဲက တစ်ယောက်ကတော့ ရှီရှန်းကို ဂရုမစိုက်ပဲနဲ့ "စပြီးတော့ သရုပ်ဆောင်လို့ရပြီ" လို့အေးစက်စက်ပြောလိုက်တယ်.

ရှီရှန်းက ကျန်တဲ့ဒိုင်လေးယောက်ကို ဂရုမစိုက်တော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်. ပြီး​တော့ သူမသရုပ်ဆောင်ရမယ့်ဇာတ်ကောင်နေရာကို ခံစားချက်တွေပို့လိုက်ပြီး အဓိကအခန်းတစ်ခန်းဖြစ်တဲ့ ပိုင်ဝမ်ရဲ့ကောက်ကျစ်ယုတ်မာမှုတွေအစပြုလာတဲ့အခန်းကို သရုပ်ဆောင်ပြလိုက်တယ် .

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now