Arc 1.5

5.9K 709 8
                                    

➡️Unicode

ရှီရှန်းရဲ့မျက်နှာ​ပေါ်မှာမျက်ရည်တွေရှိ​နေတုန်းပဲ.သူမရဲ့မျက်လုံး​တွေကလည်း ငိုထားတဲ့အတွက်နီရဲ​နေ​ပေမယ့် သန်မာချင်​ယောင်​ဆောင်ဖို့အတွက် သူမရဲ့နှုတ်ခမ်း​တွေကိုကိုက်ထားရရှာတယ်
ဒါ​ပေမယ့်သူမရဲ့မျက်နှာ​​လေးက​တော့ သနားစဖွယ်ဖြစ်​နေတယ်

"အန်တီ ဒီနှစ်​တွေထဲမှာ သမီးကိုဂရုစိုက်​ပေးခဲ့လို့​ကျေးဇူးတင်ပါတယ် သမီးတို့၂​ယောက်လုံးကမိန်းက​လေး​တွေဖြစ်လို့ သမီးဘယ်လိုခံစားရတယ်ဆိုတာအန်တီနားလည်မှာပါ"
ဒီစကားက နန်ကုန်းသခင်မကြီးရဲ့အားနည်းချက်ကိုတိုက်ရိုက်ထိသွား​စေတယ်
နန်ကုန်းကျန်းက ရွှီချန်ယွဲ့ရဲ့အ​ဖေလိုမျိုးသစ္စာရှိတဲ့ဖခင်​ကောင်း ခင်ပွန်း​ကောင်းတစ်​ယောက်မဟုတ်ဖူး.သူ့မှာ အငယ်​နှောင်း​တွေအများကြီးရှိတယ်.
နန်ကုန်းကျန်းကအဲ့ဒီမိန်းမ​တွေထဲကတစ်​ယောက်ကိုမှက​လေးမယူခိုင်းသလိုသူ့ရဲ့တရား၀င်ဇနီး​နေရာကိုလည်းမထိခိုက်​​စေတဲ့အတွက်​ကြောင့်သာ သူမမသိချင်​ယောင်​ဆောင်​နေနိုင်ခြင်းဖြစ်တယ်

ဒီလိုကိစ္စက လူကုံထံမိသားစုတို့ရဲ့ဖြစ်​လေ့ဖြစ်ထကိစ္စမျိုးပါပဲ

ရှီရှန်းရဲ့ဒီစကားက နန်ကုန်းသခင်မကြီးရဲ့နှလုံးသားကိုအ​တော်အသင့်​ပျော့​ပြောင်းသွား​စေခဲ့ပြီး ရွှီချန်ယွဲ့လိုနှစ်သက်ဖွယ်​​ကောင်းတဲ့မိန်းမငယ်​လေးက သူမလိုဘ၀ကြီးမျိုးမှာ နေထိုင်ရဖို့မထိုက်တန်ဘူးဆိုတဲ့ခံစားချက်​ကြောင့် သူမဘာမှဆက်မ​ပြောနိုင်ခဲ့ဘူး

"ဒီကိစ္စကိုသမီးတကယ်ဆုံးဖြတ်ပြီးပြီလား" သူမရဲ့အ​ဖေက ရှီရှန်းကို ​နောက်တစ်ကြိမ်ထပ်​မေးလိုက်တယ်

ရှီရှန်းက​ခေါင်းငြိမ့်ပြီး​ပြောလိုက်တယ် "သမီးတကယ်ဆုံးဖြတ်ပြီးပြီ​ဖေ​ဖေ"

ရှီရှန်းကနန်ကုန်းကျင်းကိုကြည့်လိုက်တယ်
နန်ကုန်းကျင်းက ရှီရှန်းရဲ့မျက်လုံး​တွေကိုကြည့်လိုက်တဲ့အခါမှာ အနည်းငယ်မလုံမလဲဖြစ်သွားရတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now