Arc 4.14

2.3K 338 3
                                    

Unicode

ကုနန်း Dမြို့ထဲ လိုက်ဝင်မသွားခဲ့ဘူး။ ဒီကောင်စုတ်လေး အချိန်တခုထိပျောက်သွားတာ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူးလေ။ ပြီးရင် သူမဆီရောက်အောင် ပြန်လာခဲ့မှာ‌လေပဲဟာ။ ကုနန်းက သူ့နောက်နားက **Zombieများ၏အိပ်ရာပေါ်က ကိစ္စ**အကြောင်း ဆွေးနွေးနေကြတဲ့သုံးယောက်ကို သေချာပေါက် လျစ်လျူရှုထားတာပေါ့။

' ငါတကယ် ဒီသုံးကောင်ကို Zombieတွေကြားထဲ ကန်ထုတ်ပစ်ချင်လာပြီ!! ဒီကောင်တွေက ဘာတွေပြောနေကြတာလဲ? နင်တို့ဘောစ့်,ငါက Zombieတစ်ကောင်ကို ငါ့စကားနားထောင်အောင် ဘယ်လိုလုပ်နိုင်ခဲ့တဲ့အကြောင်း ငါဘယ်လောက်တောင် စွမ်းတယ်ဆိုတာကို ပြောသင့်တာလေ!!။ ငါ..နင်တို့ဦးနှောက် ဘယ်လိုအလုပ်လုပ်တာလဲ မတွေးတတ်တော့ဘူး  '

Bမြို့ကလာကြတဲ့သူတွေလည်း ရောက်ခါနီးနေကြပြီ။ ကုနန်းတို့အဖွဲ့က သူတို့ကိုနေ့တစ်ဝက်လောက်ထိ စောင့်နေခဲ့လိုက်ရတယ်။ နောက်ဆုံးတော့ အစိမ်းရောင်ကားတွေ Dမြို့အဝင်ဂိတ်အပြင်ကို ရောက်လာကြပြီဖြစ်တယ်။ သူတို့ရဲ့ ခေါင်းဆောင်က ရင်းနှီးနေတဲ့သူတစ်ယောက် : ချန်းရှီ

သူတို့က မြို့ထဲမဝင်ခင် အဖွဲ့တွေခွဲလိုက်ပြီး အစီစဥ်အရင်ကျနေကြတယ်။ ကုနန်းတို့အုပ်စုလည်း သူတို့နောက်ကနေ ခွာပြီး လိုက်လာခဲ့တယ်။

" Zombieတွေ ငါတို့ကို လာမတိုက်ကြတာ သတိထားမိကြလား "

ချင်းယုက လင်းဖုန်းကိုတံတောင်နဲ့တို့ပြီး ပြောလိုက်တယ်။ ချင်းယုပြောတော့မှ လင်းဖုန်းလည်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ သူတို့နဲ့သိပ်မ​ေ၀းတဲ့​နေရာမှာ zombieတွေက နာနာခံခံနဲ့ ‌အနောက်ကနေကိုယ်ရံတော်တွေလိုမျိုး လိုက်လာတာကို တွေ့လိုက်ရတယ်။

သူတို့နှစ်ယောက်လုံး သူတို့ရှေ့က ကောင်မလေးကိုပြိုင်တူကြည့်လိုက်မိကြတယ်။ သူမလေးကတော့ အပျော်ခရီးထွက်လာတဲ့အတိုင်းပဲ လှည့်ပတ်လျှောက်ကြည့်နေတယ်။ သူမပုံစံက နောက်ကZombieတွေထက် ပိုဆိုးနေလေတယ်။ နှစ်ယောက်သားလည်း ပျက်စီးနေတဲ့မုန့်ဆိုင်တွေကိုမျက်ရည်ရွဲတွေနဲ့ကြည့်နေတဲ့ ဖက်တီးလေးကို သူတို့နားဆွဲပြီး ရှေ့ကမိန်းကလေးဆီ မေးငေါ့ပြလိုက်တယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now