Arc 2.17

3.3K 431 4
                                    

Unicode

ရှီရှန်းက ကင်မရာမန်းကို သေချာညွှန်ကြားပြီးတဲ့နောက်မှာ တောင်ပေါ်ကို စိတ်ချလက်ချ တက်သွားခဲ့တယ်.အစီအစဥ်က ဘယ်လိုဖြစ်ဖြစ် ပြန်တည်းဖြတ်ရဦးမှာပဲလေ.အဲ့ဒါမှသာ ရိုက်ကူးရမဲ့ အချိန်က လုံလောက်လိမ့်မယ်. ကင်မရာမန်းကတောင်ထိပ်ပိုင်းနားမှာ ရှုခင်းပိုလှတာကြောင့် များများရိုက်ခဲ့မိသွားတယ်.ဒါပေမဲ့လည်း အဆင်ပြေပါတယ်.

"လုချင်းယွင် စောင့်ဦး. ဟေး!!!!!ငါ့ကိုစောင့်ဦး မင်းအခု ငါ့ကိုပြန်တောင်မဖြေတော့ဘူးလား.မင်းရဲ့စီနီယာ‌‌လေ! ဟေး၊ ​ဖြေး​ဖြေးသွား! ဒီနေ့ မင်းရဲ့မိန်းကလေးကျန်းအတွက်ငါလုပ်ပေးခဲ့တာတွေကိုမင်းသိလား။ "

စုရီရှိုးက လှမ်းပြောနေတာကနေ အော်ရတဲ့အထိ အသံမြှင့်လိုက်တယ်.

"မိန်းကလေးကျန်း မိန်းကလေးကျန်း ကျွန်တော်တို့က ဒီမယ်"

ရှီရှန်းက အသံလာတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်.အခြားတောင်ကုန်းကနေ စုရီရှိးက လေထဲ လက်ကိုဝေ့ယမ်းကာ စိတ်လှုပ်ရှားစွာနဲ့ သူမကိုအော်ခေါ်နေတယ်.သူ့ပုံစံကို ကြည့်ရတာ ဟာသကားထဲကပြကွက်တစ်ခုလိုမျိုးပဲ.

ရှီရှန်းရဲ့ mission ပစ်မှတ်ဖြစ်တဲ့ လုချင်းယွင်နားကို စုရီရှိုးရွှေ့သွားခဲ့တယ်

~အာ့. သူ့ကိုငါလုံးလုံး မေ့နေတာပဲ~
ရှီရှန်းက ​​ဆင်​​ခြေ​လျှောတစ်ခုပေါ်ကနေ ​လျှောဆင်းလိုက်တယ်

ဒါကိုမြင်လိုက်နဲ့ စုရီရှိုးက မေးစိအောက်ပြုတ်ကျသွားလောက်တဲ့ အထိ အံ့သြသွားရတယ်
စုရီရှိုး "......."

"ဒီမိန်းကလေးက အားကစားနဲ့ပတ်သတ်ပြီး ထူးချွန်တာပဲ. အာ့! လုချင်းယွမ် မင်းအတွက်လက်တွဲဖော်ပဲ တစ်ယောက်ကအားကစားပါရမီရှင်
နောက်တစ်ယောက်က အားကစားနည်းဘက်မှာအားနည်းချက်ရှိတဲ့သူ
တစ်ယောက်ကိုတစ်​ယောက်ဖြည့်ဆည်းပေးနိုင်တယ် မင်းတို့ကလုံးဝပြည့်စုံတဲ့အတွဲတွေ ဖြစ်လာမှာ ဘယ်လောက်တောင်မိုက်လိုက်သလဲ"
စုရီရှိုးက ကျန်းဝမ်ကို အရမ်းပြည့်စုံတဲ့ ချွေးမကို ကြည့်နေသလိုမျိုး စိုက်ကြည့်နေခဲ့တယ်.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now