Arc 2.4

4.3K 517 5
                                    

Unicode

"Companyက ဒီပြသနာကို *ပြိုကွဲ​သွားသော မြို့​တော်* ရဲ့ producer​တွေနဲ့​ဆွေး​နွေးပြီး​ဖြေရှင်းပြီးသွားပြီ ဒါ​ပေမယ့် ဒဏ်​ငွေကို မင်းရမယ့်သရုပ်​ဆောင်​ကြေးထဲကဖြတ်ယူရလိမ့်မယ်"ထန်းရင်းက သူ့စကားကိုဆက်မ​ပြောခင်တစ်ခဏ​လောက် အလိုမကျစွာ ရပ်တန့်သွားတယ်"ဇာတ်ညွှန်းက ​တော်​တော်ကြီးကိုဆိုးရွား​​နေတာပဲ မင်းဘာဖြစ်လို့ ဒီ​နေရာကိုလက်ခံလိုက်တာလဲ"ရှီရှန်းကစိတ်မပါစွာနဲ့​ပြောလိုက်တယ် "မီလန် စီစဥ်လိုက်တာ​လေ ​​ငါ့လို​နောက်ဆုံးအဆင့်သရုပ်​ဆောင်​ပေါက်စ​လေးတစ်​ယောက်က ​ရွှေအဆင့်​အေးဂျင့်တစ်​ယောက်ရဲ့အစီအစဥ်ကိုသ​ဘောမတူဘဲ​နေရဲပါ့မလား "သူမ​ပြောတဲ့ စကားကိုကြားပြီးတဲ့​နောက်မှာ သူ့ဆီယုံယုံကြည်ကြည် လာအလုပ်အပ်တဲ့ ဒီမင်းသမီးအ​ကြောင်းကိုပိုလို​တောင်သိချင်လာရတယ်ကျန့်၀မ်ရဲ့ကိစ္စ​တွေကို တာ၀န်စယူခဲ့ရတဲ့အချိန်ကစပြီး​တော့ companyကသူ့အတွက်သီးသန့်ရုံးခန်းတစ်ခု​နဲ့ အခွင့်​ရေး​ကောင်း​တွေ အဆက်အသွယ်​ကောင်း​တွေကိုပါ ပေးခဲ့တယ်သူ့လိုမျိုး​​အေးဂျင့်​ပေါက်စတစ်​ယောက် အတွက်ဒီလိုအခွင့်အ​ရေး​ကောင်း​တွေရဖို့ဆိုတာက အ​တော်ကိုရှားပါးတဲ့ကိစ္စတစ်ရပ်ဖြစ်တယ်ထန်းရင်းကသူ့ကိုယ်သူ ကိစ္စကြီးကြီးမားမားတစ်ခုနဲ့ပတ်သတ်​နေရသလိုခံစား​နေရတယ်ဒါ​ပေမယ့် သူက အဲ့ဒီထူးဆန်းတဲ့ခံစားချက်ကြီးကို ဖိနှိပ်ပြီး​တော့ ရှီရှန်းအတွက် ဇာတ်ညွှန်းအသစ်၃ခု လှမ်း​ပေးလိုက်တယ်"ဒါ​တွေက မင်းအတွက်ငါ​ရွေး​ပေးထားတဲ့ဇာတ်ညွှန်းအသစ်​တွေပဲ"ရှီရှန်းက ဇာတ်ညွှန်း၃ခုကို လှမ်းကြည့်ရုံပဲကြည့်လိုက်ပြီး တစ်ခုကို​ရွေးလိုက်တယ်"ဒီတစ်ခု"ထန်းရင်းက ရှီရှန်းရဲ့​ရွေးချယ်မှုကိုမကန့်ကွက်ဘူး ဇာတ်ညွှန်း၃ခုလုံးက သူ​သေ​သေချာချာ​ရွေး​ပေးထားတာ​တွေမို့လို့ အဲ့ဒီထဲက ဘယ်တစ်ခုကိုပဲ သူမ​ရွေးပါ​စေ အရမ်းကြီးဆိုးရွား​နေမှာမဟုတ်ဘူး

ရှီရှန်း​ရွေးလိုက်တဲ့တစ်ခုက ​ရှေး​ခေတ်dramaအမျိုးအစားဖြစ်ပြီး ကျင့်ကြံခြင်း​လောကအ​ကြောင်းကိုဇာတ်အိမ်တည်ထားတာဖြစ်တယ်*ကြီးမြတ်​သော​ကောင်းကင်*လို့​ခေါ်တဲ့
ကျင့်ကြံခြင်းဂိုဏ်းတစ်ခုက အစုလိုက်အပြုံလိုက်အမြစ်ဖျက်​ခြေမှုန်းခံရပြီး ချင်းယန်ဆိုတဲ့လူငယ်​လေးတစ်​ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့တယ်
သက်ရှိဖြစ်လာ​​အောင်ကျင့်ကြံနိုင်ခဲ့တဲ့ မက်မွန်ပန်းပွင့်၀ိဥာဥ်​လေးကသူ့ကို ကယ်တင်ခဲ့တာဖြစ်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now